ဒုန်းတောရွာရေဘေးကူညီခြင်း

dondaw-flood3

ဒုန်းတောကျေးရွာသည် မြန်မာယန်စီကော့ပါးလီမိတက်၏ နယ်နိမိတ်နှင့် ကပ်လျက်တည်ရှိပြီး၊ ၄င်းတို့၏ ယခင်ကစီမံကိန်း နယ်နိမိတ်အတွင်းရှိစိုက်ပျိုးမြေများကိုလည်း (၂ဝ၁၃)ခုနှစ်က နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ ပြန်လည်ပေးအပ် ခဲ့ပြီးဖြစ်သည်။

ဒုန်းတောကျေးရွာသည် စံပယ်တောင်သတ္တုတွင်းလုပ်ကွက် မြေစာပုံနှင့် နီးကပ်စွာတည်ရှိသည်။ (၂ဝ၁၅) ခုနှစ် ဩဂုတ်လတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်နေစဉ် ၄င်းကျေးရွာရှိ သီးနှံများလည်း ယမား ချောင်းနှင့် ချင်းတွင်းမြစ်တို့၏ ရွံ့နွံများစီးဆင်းမှုကြောင့် ပျက်စီးခဲ့ရသည်ကိုတွေ့မြင်ခဲ့ရသည်။ ဩဂုတ်လ (၁ဝ)ရက်နေ့တွင် ဒုန်းတောကျေးရွာသို့ လိုအပ်သောဆန်နှင့် စားသုံးဆီများထပ်မံ၍ လှူဒါန်းခဲ့ပါသည်။ မြန်မာယန်စီကော့ပါးလီမိတက်မှ နောက်ထပ် ရေဘေးကယ်ဆယ်မှုအားဖြင့် ခန့်မှန်းအမေရိကန်ဒေါ်လာ (၄ဝဝဝဝ) ကို ၄င်းအနီးရှိကျေးရွာများသို့ ထပ်မံ လှူဒါန်းခဲ့ပါသည်။
မြန်မာယန်စီမှ ရေဘေးသင့် ဒုန်းတောကျေးရွာသို့ ဆန် တစ်တင်းခွဲ (၁၄.၅) အိတ် ၊ ဆီ တစ်လီတာ(၅၂)ဗူး နှင့် စားသောက်ကုန်ပစ္စည်းများ(၅၂)အိတ် လှူဒါန်းထောက်ပံ့ပေးပါသည်။ ဒုန်းတော ယွန်းကျောင်း နှင့် ရွာဦး ဘုန်းကြီးကျောင်းသို့လည်း ဆန်တစ်တင်းခွဲအိတ်(၂)အိတ် နှင့် စားသောက်ကုန်(၂)အိတ် လှူဒါန်းခဲ့ပါသည်။ အလှူကို ဆရာတော် ဦးပညောဘာသ နှင့် ဦးနန္ဒောဘာသ မှ လက်ခံပေးခဲ့ပါသည်။ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ပေါမှ အလှူအတွက် ကူညီလုပ်ဆောင်ပေးခဲ့ပါသည်။ CSD အသင်းခေါင်းဆောင် ဦးနိုင်ဝင်း၊ ဒုန်းတောကျေးရွာ CSD ဦးမြင့်သိန်း၊ ဂုဏ်တောကျေးရွာ CSD ဦးမျိုးကျော် ၊ CSD သတင်းပြန်ကြားရေး ဦးဝင်းကျော်သူ ၊ သဲတောကြီး CSD ဒေါ်မို့မို့လွင် နှင့် CSD ဝန်ထမ်း ဒေါ်မိုးမိုးခိုင်တို့မှ အလှူအတွက် လုပ်ဆောင်ပေးခဲ့ကြပါသည်။
 

dondaw-flood2

dondaw-flood6
dondaw-flood9

 

     videoclip    MYTCL Donation to flood-hit Dondaw Village Part - I

    videoclip     MYTCL Donation to flood-hit Dondaw Village Part-II

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.