ဂုဏ်တောကျေးရွာသို့ တစ်ခေါက်

gondaw-flood7

၂ဝ၁၅ ခုနှစ်၊ ဩဂုတ်လ (၁ဝ)ရက်နေ့တွင် စပယ်တောင်၊ကြေးစင်တောင်စီမံကိန်းမူလနယ်နိမိတ်ရှိဂုဏ်တောမြောက်ရွာသို့ ဒုတိယအကြိမ် အစားအစာနှင့် ချက်ပြုတ်စရာများထောက်ပံ့မှုပြုခဲ့ပြီး၊ ယမားချောင်းနှင့် ချင်းတွင်းမြစ်ရေကြီးမှု ခံစားနေရ သောကျေးရွာများသို့ ကူညီထောက်ပံ့မှုများဆက်လက်လုပ်ဆောင်ခဲ့သည်။

မြန်မာယန်စီကော့ပါးလီမိတက် ဆက်ဆံရေးဌာနသည် (CSD) အဖွဲ့နှင့်စုစည်း၍ ရေကြီးမှုကြောင့် စိုက်ပျိုးမြေပျက်စီး သွားခြင်း၊ ၄င်းတို့အိမ်တွင် နေထိုင်ရန် ခက်ခဲခြင်းစသည်တို့ခံစားနေရသောကျေးရွာများသို့ လိုအပ်သောပစ္စည်းများကို တုံ့ဆိုင်းခြင်းမရှိထောက်ပံ့ပေးခဲ့ပါသည်။
မြန်မာယန်စီမှ ရေဘေးသင့် ဂုဏ်တောကျေးရွာသို့ ဆန် တစ်တင်းခွဲ (၈) အိတ် ၊ ဆီ တစ်လီတာ(၂၅)ဗူး နှင့် စားသောက်ကုန်ပစ္စည်းများ(၂၅)အိတ် လှူဒါန်းထောက်ပံ့ပေးပါသည်။ ဂုဏ်တော ဓမ္မာရာမ ဘုန်းကြီးကျောင်းသို့လည်း ဆန်တစ်တင်းခွဲအိတ်(၁)အိတ်၊ ဆီ တစ်လီတာ(၁)ဗူးနှင့် စားသောက်ကုန်(၁)အိတ် လှူဒါန်းခဲ့ပါသည်။ အလှူကို ကျောင်းထိုင်ဆရာတော် ဦးဩဘာကိုယ်စား အရှင်အင်္ကုရမှ လက်ခံပေးခဲ့ပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းမှ အလှူအတွက် ကူညီလုပ်ဆောင်ပေးခဲ့ပါသည်။ CSD အသင်းခေါင်းဆောင် ဦးနိုင်ဝင်း၊ ဂုဏ်တောကျေးရွာ CSD ဦးမျိုးကျော် ၊ CSD သတင်းပြန်ကြားရေး ဦးဝင်းကျော်သူ ၊ သဲတောကြီး CSD ဒေါ်မို့မို့လွင် နှင့် CSD ဝန်ထမ်း ဒေါ်မိုးမိုးခိုင်တို့မှ အလှူအတွက် လုပ်ဆောင်ပေးခဲ့ကြပါသည်။
 

gondaw-flood4

gondaw-flood2
gondaw-flood3


Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.