ဂုဏ်တောကျေးရွာအားအဆင့်မြှင့်တင်ပေးခြင်း

gondaw-electric1

ဂုဏ်တောကျေးရွာသည် ယခုအခါ သမိုင်းတွင် ပထမဦးဆုံးကျန်ရစ်စေမည့် လျှပ်စစ်မီး စတင်သုံးစွဲနိုင်ပြီဖြစ်၍ အနီး ပတ်ဝန်းကျင် လူထုနှင့် ကျေးရွာများအတွက် ၂ဝ၁၅ခုနှစ်တွင် စီစဉ်ဆောင်ရွက်လျက်ရှိသော (CSR) လုပ်ငန်းများအား အထူးကျေးဇူးတင်မိပါသည်။

၂ဝ၁၅ ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့တွင် ဒေသရှိအင်အားဖြင့် တည်ထောင် ဖွဲ့စည်း ထားသော မိုးမြင့်ကြယ်စင်ကုမ္ပဏီမှ ကျေးရွာအတွင်း လျှပ်စစ်မီးတိုင် (၄၅) တိုင် စိုက်ထူခြင်းနှင့် ပေ (၃၂ဝဝဝ)ခန့် ရှည်သော ဝ.၄ KVA လျှပ်စစ်ဝါယာလိုင်း တို့ကိုလည်း စတင်တပ်ဆင် ဆောင်ရွက်ခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပြိုင် အဆိုင်ကုမ္ပဏီများ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သဖြင့် ဒေသခံကုမ္ပဏီများအနေဖြင့် တင်ဒါအောင်နိုင်သည်သာမက၊ မြန်မာယန်စီကော့ပါးလီမိတက်နှင့်လည်းစဉ်ဆက်မပြတ် မိတ်ဖက်ဆောင်ရွက်နိုင်ရန် ဖန်တီးပေးနိုင်သည်။ တပ်ဆင်ခြင်း လုပ်ငန်းမှာလျင်လျင်မြန်မြန် ထိထိရောက်ရောက်ဖြင့် နိုဝင်ဘာလအတွင်းစောလျင်စွာ ပြီးစီးနိုင်ခဲ့ပြီဖြစ်သည်။ အသေးစိတ် ပြန်လည်စစ်ဆေးခြင်း လုပ်ငန်းကို လျှပ်စစ်မီးစတင်သုံးစွဲနိုင်ရန် ပြင်ဆင်ရာတွင် ဆောင်ရွက်ဆဲဖြစ်သည်။ မြန်မာယန်စီ ကော့ပါးလီမိတက်သည် မိမိတို့ လုပ်ငန်းဆောင်ရွက်ရာဒေသတွင် တစ်ချိန်တည်းမှာပင် အသေးစားလုပ်ငန်းများမှ အလတ် စားလုပ်ငန်းများဆီသို့ ဖွံ့ဖြိုးတိုးတက်လာနိုင်မှုဖြစ်စေသောဤကဲ့သို့သော (CSR)လုပ်ငန်းများကို ထောက်ပံ့ကူညီရသည့် အတွက် ဂုဏ်ယူမိပါသည်။

 

gondaw-electric4

gondaw-electric2
gondaw-electric3

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.