ဒုန်းတောကျေးရွာ လျှပ်စစ်မီးသွယ်တန်းပေးမှု

dondaw-e1

ဒုန်းတောကျေးရွာသည် မြန်မာယန်စီကော့ပါးလီမိတက်၏ (၂ဝ၁၅-၁၆) CSR ဘတ်ဂျက်ဖြင့်ဆောင်ရွက်မည့် လျှပ်စစ်မီး ရရှိရေးအစီအစဉ်တွင် ပါဝင်သည့် ကျေးရွာ (၈)ရွာအနက် ဆောင်ရွက်ပေးရမည့် ရွာတစ်ရွာလည်းဖြစ်သည်။

 

ဤလူမှုဆိုင်ရာပူးပေါင်းတာဝန်ယူမှုလုပ်ငန်းပြီးစီးစေရန်အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာ (၁၉,ဝ၃၂.ရဝ) သုံးစွဲမည် ဖြစ်သည်။ဤလုပ်ဆောင်မှုသည် ဒုန်းတောကျေးရွာတွင် (၂၅ဝ) KVA ထရန်စဖော်မာအပါအဝင် လက်ရှိ လျှပ်စစ် သွယ် တန်းမှုစနစ် အားတိုးချဲ့ခြင်းသာဖြစ်သည်။ဒေသခံကုမ္ပဏီဖြစ်သည့် မိုးမြင့်ကြယ်စင်ကုမ္ပဏီမှ (၁၆-၁ဝ-၂ဝ၁၅) ရက်နေ့တွင် တင်ဒါအောင်ခဲ့ပြီး၊ အချိန်တိုအတွင်းလုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ လုပ်ငန်းအပြီးသတ်အနေဖြင့် ပါဝါလိုင်း စစ်ဆေးပြီးဖြစ်၍ မြန်မာ့လျှပ်စစ်လုပ်ငန်းမှ အတည်ပြုထောက်ခံခဲ့ပြီးဖြစ်သည်။လုပ်ငန်းစဉ်ပြီးလျှင် ပါဝါလိုင်းသည်လည်း ချက်ချင်းအသုံးပြုနိုင်မည်ဖြစ်သည်။
CSR လုပ်ငန်းများအားလုံးသည် ဒေသခံလူထု၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ဘတ်ဂျက်ခွဲဝေကျခံမည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့မှ အတည်ပြုပြီးသည့် လုပ်ငန်းများဖြစ်သည်။ တင်ဒါခေါ်ယူစဉ်ကာလအတွင်း ဒေသခံ ကုမ္ပဏီများပါဝင်ယှဉ်ပြိုင်မှုကိုအားပေးပါသည်။ သို့မှသာအကျိုးခံစားမှုများသည် ဒေသခံလူထုနှင့် ဒေသစီးပွားရေးလုပ်ငန်း များတွင် ပိုမို၍အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။

 

dondaw-e3

dondaw-e2

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.