ဆည်ထန်းတောကြီးမှကျေးဇူးတင်ခြင်း

seihtandawgyi-electric3

ဆည်ထန်းတောကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မျိုး သည် ကျေးရွာတွင်နေထိုင်သော အိမ်ထောင်စု(၄၂ဝ)အတွက် လိုအပ်သော လျှပ်စစ်မီးရရှိရန် မြန်မာယန်စီ၏ CSR စီမံကိန်းတွင် ထည့်သွင်း ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်။

ယခုအခါ ကျေးရွာရှိ (၂ဝ၈)စုသော အိမ်ထောင်စုမှာ မြန်မာယန်စီ ကော့ပါးလီမိတက်မှ လျှပ်စစ်သွယ် တန်းရေး ပစ္စည်းများလက်ခံရရှိနေပြီးဖြစ်သည်။ကျန်ရှိနေသောအိမ်ထောင်စု (၂၁၂) စုသည် မြန်မာယန်စီကော့ပါးလီမိတက်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့၏ (၂ဝ၁၅-၂ဝ၁၆) CSR စီမံကိန်းများရှိ လျှပ်စစ်မီးရရှိရေးနှင့် လိုအပ်ချက်များဆောင်ရွက်ခြင်း အစီအစဉ်အတိုင်း ဆက်လက် လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ပါသည်။စုစုပေါင်းအမေရိကန်ဒေါ်လာ (၁၉၃၂၂.၆၂) ဒေါ်လာအား လှူဒါန်းခဲ့ပြီး၊ လျှပ်စစ် ဓါတ်တိုင်များ၊ ဝါယာများသွယ်တန်းတပ်ဆင်ခြင်း၊ အခြားလိုအပ်ချက်ရှိသောလုပ်ငန်းများနှင့် လုပ်ငန်းပြီးစီးစေရန် မြန်မာ့ လျှပ်စစ်လုပ်ငန်းနှင့် အခြားလိုအပ်သောကဏ္ဍများတွင်လည်းပါဝင်စီမံခန့်ခွဲခဲ့သည်။ တဖန် ဒေသတွင်းကန်ထရိုက် လုပ်ငန်း ဖြစ်သောမိုးမြင့်ကြယ်စင်ကုမ္ပဏီမှ တင်ဒါအောင်၍ ဒေသတွင်းကုမ္ပဏီကိုလည်းလုပ်ကိုင်ခွင့်ပေးနိုင်ခဲ့သည်။ (၁၁-၁၁-၂ဝ၁၅) ရက်နေ့တွင် မြန်မာယန်စီကော့ပါးလီမိတက်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့၏ စီမံခန့်ခွဲမှုအောက်ရှိ CSR ဌာန၏ စီမံခန့်ခွဲမှုဖြင့် လျှပ်စစ်သွယ်တန်းမှုလုပ်ငန်းမှာ ပြီးလုနီးပြီဖြစ်သည်။ ဦးအောင်ကျော်မျိုး၊ ကျေးရွာအုပ်ချုပ်ရေးမှူး သည် ကျေးရွာနှင့် ကျေးရွာရှိရွာသူရွာသားများကိုယ်စား MYTCL၏ ဤဖွံ့ဖြိုးမှုလုပ်ငန်းအားများစွာကျေးဇူတင်ရှိကြောင်းနှင့် ၄င်းမှ အသိအမှတ်ပြုကြောင်းပြောကြားခဲ့သည်။

seihtandawgyi-electric2

seihtandawgyi-electirc4
seihtandawgyi-electric1

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.