မြန်မာယန်စီကုမ္ပဏီအား လေးစားဂုဏ်ပြုခြင်း

myasane-school4

(၂၀၁၅-၁၆) CSR လုပ်ငန်းများထဲမှ တစ်ခုဖြစ်သော မြစိမ်းကျေးရွာတွင် မူကြိုကျောင်းဆောက်လုပ်ပေးခြင်းနှင့် ပတ်သက်၍ မြစိမ်းကျေးရွာအုပ်ချုပ်ရေးမှူးမှ အထူးကျေးဇူးတင်ပါကြောင်းထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထိုမူကြိုကျောင်းကို (၃၁.၁၂.၂၀၁၅) နေ့တွင် အပြီးသတ်ဆောက်လုပ်ပေးခဲ့ပြီး $9,101.37 USD ကုန်ကျပါသည်။ ကျေးရွာတွင် မည်သည့်ကျောင်းမှ မရှိသေးသောကြောင့် ကျေးရွာတိုးတက်ဖွံ့ဖြိုးစေရန်အတွက် တန်ဖိုးထားရမည့်ကျောင်းတစ်ကျောင်းဖြစ်ပါသည်။
မြစိမ်းကျေးရွာသည် ပညာရေးနှင့်ပတ်သက်ပြီးလုံ့လစိုက်ထုတ်မြှင့်တင်ရန်ရည်ရွယ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာကော်မတီဝင်များမှ CSR လုပ်ငန်းတွင် မူကြိုကျောင်းအားတည်ဆောက်ပေးရန်မြန်မာယန်စီအား တောင်းဆိုခဲ့ပါသည်။သင်ကြားပေးမည့်ဆရာအတွက် မြို့နယ်ရုံးမှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ကျေးရွာများမှလည်း လာရောက်တက်နိုင်ကြောင်းနှင့် ကျောင်းသား ကျောင်း၊သူ ဦးရေ ၅ဝကျော်ခန့် ခန့်မှန်းထားပါသည်။ ရွာတွင် အိမ်ခြေ(၃ဝ) ကျော် လူဦးရေမှာ (၂ဝဝ) ကျော်ခန့် ရှိ်ပါသည်။ မြန်မာယန်စီ၊ ဆက်ဆံရေးဌာနနှင့် CSD အဖွဲ့ဝင်များ၏တင်ပြပေးမှုနှင့် ပညာရေးတိုးတက်မှုအတွက် ကုမ္မဏီမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းတို့အတွက် ကျေးရွာမှ အထူးပင်ဂုဏ်ပြုလေးစား ကျေးဇူးတင်လျှက်ရှိပါသည်။ နောက်နှစ်များတွင် ကျေးရွာအတွက် နာရေးကားတစ်စီးနှင့် မူကြိုကျောင်းအတွက် နှစ်လုံးတွဲအိမ်သာ တည်ဆောက်ပေးရန် မျှော်လင့်ထားပါသည်။
မြစိမ်းကျေးရွာအုပ်ချုပ်ရေးမှူးမှာ ဦးငွေဖြစ်ပါသည်။ မြစိမ်းကျေးရွာသည် ယင်းမာပင်မြို့နယ်၊ မြရိပ်ကျေးရွာအုပ်စုတွင် ပါဝင်သော ကျေးရွာတစ်ရွာ ဖြစ်ပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှ မြန်မာယန်စီ ပေါ်ပေါက်လာသည့်အတွက် ယခင် ရှိခဲ့ဖူးသော ကုမ္ပဏီများထက် ပိုမိုပွင့်လင်းမြင်သာ လာကြောင်း၊ ဖွံ့ဖြိုးရေးအတွက် တောင်းဆိုခွင့်ရလာကြောင်း၊ မြန်မာယန်စီကုမ္ပဏီ သက်တမ်းရှည်ရှည် ဆက်လက်ရှိနေစေချင်ပါကြောင်းနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် ဆက်လက်ကူညီမှုများ လုပ်ဆောင်ပေးနိုင်ပါစေကြောင်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသွားပါသည်။

 

myasane-school1

myasane-school2
myasane-school3
myasane-school5

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.