ပညာသင်ကြားမှု လုံခြုံရေး

ywatha-fence3

ကျောင်းသားများပညာသင်ကြားမှု ပိုမိုလုံခြုံစေရန်နှင့် အနှောက်အယှက် မဖြစ်စေရန် ရည်ရွယ်၍ ရွာသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းမှ ကျေးရွာရှိ မူလတန်းကျောင်းအား သံဇကာခြံစည်းရိုး ခတ်ပေးပါရန် မြန်မာယန်စီအား အကူအညီတောင်းဆိုခဲ့ပါသည်။

မြန်မာယန်စီမှလည်း ကျေးရွာဖွံ့ဖြိုးရေး အတွက် လက်မနှေးဘဲ တင်ဒါ ခေါ်ယူကာ Crown ကုမ္ပဏီအား ရွာသာကျေးရွာ မူလတန်းကျောင်းအား ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းကို ဆောင်ရွက်စေပါသည်။ မြန်မာယန်စီသည် ပညာရေးအတွက် နှစ်စဉ် တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ် ကျောင်းသားများ အား ပညာသင်ထောက်ပံ့ကြေးပေးလျှက်ရှိပါသည်။ မြန်မာယန်စီ၏ CSR လုပ်ငန်းများတွင် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ သာသနာရေးပါမချန် အကူအညီ ပေးကာ သက်ကြီးရွယ်အိုနှင့် တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်ကျောင်းသားများအား ထောက်ပံ့လှူဒါန်းခြင်း ၊လမ်းတံတားအဆောက်အဦးများ တည်ဆောက်ပေးခြင်း၊ ကျောင်းများကို ခြံစည်းရိုးခတ်ပေးခြင်း၊ မူလတန်း ကျောင်း၊ စာကြည့်တိုက်၊ ဆေးပေးခန်း များတည်ဆောက်ပေးခြင်း၊ လက်စမသတ်သေးသောကျောင်း အဆောက်အဦးများကို အပြီးသတ်တည်ဆောက် ဆောင်ရွက်ပေးခြင်း၊ ကျေးရွာမီးလင်းရေးဆောင်ရွက်ပေးခြင်း၊ ရေသန့်စက်များ တည်ဆောက်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရေးများပါ အကျုံးဝင် လှုပ်ရှား ပေးကာ ကျေးရွာလူနေမှု ဖွံ့ဖြိုးရေးအတွက် စွမ်းစွမ်းတမံအကူအညီပေးနေပါသည်။

 

ywatha-fence1

ywatha-fence4
ywatha-fence2

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.