ကျေးစာကျရွာမှမြန်မာယန်စီအားကျေးဇူးတင်ခြင်း

kyeethakya-road3

မြန်မာယန်စီ၏ အကျိုးမမျှော်လင့်ဘဲ မကြာခဏနီးပါးပြီးစီးအောင်လုပ်ဆောင်ပေးနေသော လူမှုဖွံ့ဖြိုးပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းများကြောင့် မြန်မာယန်စီကို ကျေးစာကျသည် ကျေးဇူးတင်လျှက်ရှိသည်။

အများစုသည် အလှူဒါနများသည် မြန်မာဝမ်ပေါင်သတ္တုတွင်းကုမ္ပဏီ ၏ စည်းကမ်းချက်များကြောင့်မဖြစ်မနေလုပ်ရခြင်းဟု ယူဆကြပြီး မြန်မာယန်စီကို ဝမ်ပေါင်၏လက်အောက်ခံကုမ္ပဏီဟု ထင်ကြပါသည်။ အမှန်တကယ်တော့ ထိုအချက်များသည် မမှန်ကန်ပါ။ ထိုအချက်ကို နားလည်သဘောပေါက်သော ကျေးစာကျကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းပိုသည် ရွာလမ်းမှများကို ပြုပြင်ပေးရန်တောင်းဆိုလာပါသည်။ စီမံကိန်းများအတွက် အများပြည်သူသို့တင်ဒါခေါ်ယူပြီး ၂ဝ၁၅နှစ်စကတည်းက သဘောတူညီမှရယူခဲ့ပါသည်။ စီမံကိန်းအတွက် တင်ဒါအောင်သူများသည် တင်ဒါလိုအပ် ချက်များနှင့်ကိုက်ညီ၍ သင့်တော်သော ပိုမိုအကျိုးရှိအောင်လုပ်နိုင်သော လူမှုဖွံ့ဖြိုးရေး၊ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို မျှတတရားဝင်လုပ်ဆောင်ပေးခဲ့ကြပါသည်။
 
ထိုလူမှုဖွံ့ဖြိုးရေး၊ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအတွက် ကျေးစာကျကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားမျာသည် မြန်မာယန်စီအား ဝမ်းမြောက်ဝမ်းသာစွာဖြင့် အမှန်တကယ် ကျေးဇူးတင်လျှက်ရှိကြပါသည်။ မြန်မာယန်စီသည် လူမှုဖွံ့ဖြိုးရေး၊ပူးပေါင်းဆောင်ရွက်ရေးအလှူများစွာ ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး ထိုလုပ်ငန်းများမှာ ကျန်းမာရေး၊ ပညာရေး၊ လူမှုဖွံဖြိုးရေး၊ သာသနာရေးလုပ်ငန်းများကဲ့သို့ ဖွံ့ဖြိုးရေးများပါဝင်ပြီး ဆယ်တန်းကျောင်းသားနှင့်တက္ကသိုလ်ကျောင်းသားများကို ပညာသင် ထောက်ပံ့ကြေးပေးခြင်း၊ လမ်းပြုပြင်ခြင်း တံတားနှင့်အခြားလိုအပ်သောအဆောက်အဦးများတည်ဆောက်ပေးခြင်း စာသင်ကြောင်းများအတွက် ခြံစည်းရိုးလှူဒါန်းခြင်း။မူကြိုကျောင်းများတည်ဆောက်ပေးခြင်း၊ဆေးပေးခန်း၊စာကြည့်တိုက် လက်စသတ်ပြုပြင်လိုသော အဆောက်အဦးများပြုပြင်ပေးခြင်း၊ လျှပ်စစ်ရရှိလိုသောကျေးရွာများအား အကူအညီပေးခြင်း၊ ရေသန့်စက်ရုံများ တည်ဆောက်ပေးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးလျှက်ရှိပါသည်။
ထိုသို့ဖွံ့ဖြိုးရေး လုပ်ငန်းများကို သီးခြားလုပ်ဆောင်ပေးခြင်းကို အသိအမှတ်ပြုပေးသော ကျေးစာကျရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများကို မြန်မာယန်စီမှလည်း ကျေးဇူးအထူးတင်ရှိလျှက်ရှိပါသည်။

kyeethakya-road2

kyeethakya-road4
kyeethakya-road1

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.