လမ်းပန်းဆက်သွယ်မှု ပိုမိုအဆင်ပြေရေး

bridge2

ကျေးရွာသူကျေးရွာသားများအချင်းချင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေရန် ရည်ရွယ်၍ ရွှေပန်းခိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဌေးသည် ရွှေပန်းခိုင်ကျေးရွာနှင့်ရွာသာကျေးရွာ ကျေးရွာချင်းဆက်လမ်းတွင် တံတားတည်ဆောက်ပေးရန် MYTCL အား အကူအညီတောင်းဆိုခဲ့ပါသည်။

MYTCL မှလည်း လှိုက်လှဲစွာ ကူညီလျှက်ရှိရာ ချက်ချင်းတင်ဒါခေါ်ယူ၍ Great Tower ကုမ္ပဏီအား ၁၇.၂.၂ဝ၁၅ မှစ၍ တည်ဆောက် စေခဲ့ပါသည်။ ယခုနှစ် ၂ဝ၁၅ တွင် တံတားစီမံကိန်း ၅ဝ% အပြီးသတ် တည်ဆောက်ပေးခဲ့ပြီးဖြစ်၍ နောက်နှစ် ၂ဝ၁၆ ဖွံ့ဖြိုးရေးစီမံကိန်းတွင် ကျန်ရှိသော ၅ဝ% ကို ဆက်လက်တည်ဆောက်ပေးသွားမည်ဟု သိရပါသည်။ မြန်မာယန်စီ၏ CSR လုပ်ငန်းများတွင် ကျန်းမာရေး၊ပညာရေး၊လူမှုရေး၊ သာသနာရေးပါမချန် အကူအညီ ပေးကာ သက်ကြီးရွယ်အိုနှင့် တက္ကသိုလ်ဝင်တန်းနှင့် တက္ကသိုလ်ကျောင်းသားများအား ထောက်ပံ့လှူဒါန်းခြင်း ၊လမ်းတံတား အဆောက်အဦးများ တည်ဆောက်ပေးခြင်း၊ ကျောင်းများကို ခြံစည်းရိုးခတ်ပေးခြင်း၊ မူလတန်း ကျောင်း၊ စာကြည့်တိုက်၊ဆေးပေးခန်းများတည်ဆောက်ပေးခြင်း၊ လက်စမသတ်သေးသော ကျောင်းအဆောက် အဦး များကို တည်ဆောက်ပေးခြင်း၊ ကျေးရွာမီးလင်းရေးဆောင်ရွက်ပေးခြင်း၊ ရေသန့်စက်များ တည်ဆောက် ပေးခြင်း ၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးများပါ အကျုံးဝင်လှုပ်ရှားပေးကာ ကျေးရွာလူနေမှု ဖွံ့ဖြိုး ရေးအတွက် စွမ်းစွမ်းတမံအကူအညီပေးနေပါသည်။

bridge1

bridge3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.