ပညာရေးပါရမီဖြည့်လှူဒါန်း

yegyibin school1
၂ဝ၁၅-၂ဝ၁၆ဖွံ့ဖြိုးရေးရံပုံငွေတွင် ရေကြည်ပင်ကျေးရွာအတွက်အလေးထား ဆောင်ရွက်ရမည့် ဖွံ့ဖြိုးရေးစီမံကိန်း တစ်ခုဖြစ်သော ကျေးရွာကျောင်း အဆောက်အအုံပြီးစီးအောင် လုပ်ဆောင်ခြင်းကို အာရုံထား ဆောင်ရွက်ခဲ့ပြီဖြစ်သည်။

ရေကြည်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးသည် ရံပုံငွေစတည်ကတည်းက ၂ဝ၁၅အတွက် ဤအရေးကြီးသော အကူအညီ တောင်းဆိုမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာယန်စီသည် တင်ဒါခေါ်ယူ၍ Naing Lin Group အား ထိုလုပ်ငန်းအား လုပ်ဆောင်စေခဲ့ရာ ၁၅.၁ဝ.၂ဝ၁၅ တွင် စတင်၍ ၂၅.၁၂.၂ဝ၁၅ တွင် ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီဖြစ်သည်။ ကျေးရွာသူ ကျေးရွာသားများသည် ထိုလုပ်ဆောင်ပေးမှုအတွက် ဝမ်းသာကျေးဇူးတင်ကြပါသည်။ ကျောင်းဆောင် ဆောက်လုပ် ပေးခြင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၉၂၈၅.၇၅ ဖြစ်ပါသည်။ မြန်မာယန်စီသည် ရေကြည်ပင်ကျေးရွာအတွက် မီးတိုင်(၈)တိုင်နှင့် မီးကြိုး(၃၁၂ဝ)ပေ နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးခြင်း၊ ရေပုတ်ဘုန်းတော်ကြီးကျောင်းအား လျှပ်စစ်မီးသွယ်တန်းပေးခြင်းများ ရေကြည်ပင်ကျေးရွာသစ်အတွက် သာရေးနာရေးများအတွင် အသုံးပြုရန်အတွက် ဒယ်(၅)လုံး၊ အိုးကြီး(၅)လုံး၊ စတီးပန်းကန်ပြား(၂ဝဝ)ချပ်၊ ပန်းကန်လုံး(၅ဝဝ)၊ ယောက်ချို၊ ချိုင့်(၅)စုံ၊ ထမင်းပေါင်းအိုး တစ်တင်းဝင် (၁)အိုး ပစ္စည်းများ လှူဒါန်းပေးခြင်း၊ ကျေးရွာလမ်းပြုပြင်ပေးခြင်းများလည်း လုပ်ဆောင်ပေးခဲ့ပါသည်။

 

yegyibin school2

 

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.