ကံကုန်းကျေးရွာ စာသင်ကျောင်းခန်းမ

kangonschool hall1

ကံကုန်းကျေးရွာနှင့် အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခုဖြစ်သော ကံကုန်း စာသင်ကျောင်းခန်းမ အပြီးသတ်စီမံကိန်းကို လက်ခံမှုရရှိခဲ့ပါသည်။

ကံကုန်းကျေးရွာသည် စာသင်ကျောင်းခန်းမစီမံကိန်းကို တင်ဒါခေါ်ယူဆောင်ရွက်မှုအစား ၂ဝ၁၅-၂ဝ၁၆ခုနှစ် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ငွေကြေးတောင်းခံဖို့ကြိုးစားကာ မြန်မာယန်စီ၏ ပွင့်လင်းစွွာ တင်ဒါခေါ်ယူ စီမံကိန်းဖော်ဆောင်မှုကို ငြင်းဆန်ခဲ့ပါသည်။ မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဒေသခံအုပ်ချုပ်ရေးမှူးများ ငြင်းပယ် ခဲ့သော စီမံကိန်းကို ပူးပေါင်းဖြေရှင်းခဲ့ပြီး ကံကုန်းကျေးရွာ၏ အမြင်ကို ရှင်းလင်းခဲ့ပါသည်။ နောက်ဆုံးတွင် စီမံကိန်းပြီးစီးရမည့်ရက်များသတ်မှတ်ပြီးနောက် Priavate Construction ကန်ထရိုက်အဖွဲ့သည် အမေရိကန် ဒေါ်လာ ၂၂၆၇၁ ကုန်ကျသော တင်ဒါကို အောင်မြင်ခဲ့ပါသည်။ ဘိုးဘွားလက်ထက်က မြေယာလျော်ကြေးပိုမို ရရှိမှုကို အကြောင်းပြ၍ ကြေးနီစီမံကိန်းကုမ္ပဏီ၏ လှုမှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ကန့်ကွက်ဖို့ကြိုးစားသော ဆန့်ကျင့်ရေးလှုပ်ရှားသူတစ်စုကို မြန်မာယန်စီသည် ကံကုန်းကျေးရွာ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ကျော်ဖြတ် ရှေ့ဆက်ခဲ့ပါသည်။ အစိုးရအသစ်နှင့်အတူ စိတ်ရှည်ပွင့်လင်းမှုထားပြီး ထိုကျေးရွာ၏ အာဏာသုံးပယ်ချ နေသောလူနည်းစုကို ကြေးနီစီမံကိန်းနှင့် ကျေးရွာလူထုအကြား ပိုမိုချောမွေ့သော ဆက်ဆံရေးကို မျှော်လင့်လျှက်ရှိပါသည်။ မြန်မာယန်စီသည် မြန်မာ့စီးပွားရေးဦးပိုင်၏ ကြေနီထုတ်လုပ်မှု အငှားချခွင့်ပြုချက်နှင့် အစိုးရ၏ မြေယာပိုင်ဆိုင်မှုကိစ္စများကြားတွင် လုပ်ငန်းဖော်ဆောင်နေသော ကုမ္ပဏီသာလျှင်ဖြစ်ပြီး မြေယာ လျော်ကြေးနှင့် မြေယာပိုင်ဆိုင်မှုကို ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ မြန်မာယန်စီ၏ လှုမှုဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပူးပေါင်းပါဝင်ရေဒဿနတို့သည် စေတနာကိုအခြေခံကာ မြေယာလျော်ကြေးထပ်မံပေးကာ အငှားချ ထားသောမြေမှ လယ်လုပ်သူများကိုသာ ဖယ်ရှားခဲ့ပါသည်။ တရားဝင်စာချုပ်ချုပ်ကာ လုပ်ဆောင်နေသော စီမံကိန်းသည် အငှားချထားသောမြေအတွင်းတွင်သာ အားလုံးလုပ်ဆောင်နေသည်ကို တာဝန်ရှိသူများနှင့် ကြေးနီစီမံကိန်းဆန့်ကျင့်သူများကို သေချာရှင်းလင်းပြထားပြီဖြစ်ကာ ထိုမြေယာပြဿနာကို ရှင်းလင်း ပိုင်ခွင့်မရှိပါ။
ISO 26000:2010 စံပြုအခြေပြစနစ်နှင့် ကုမ္ပဏီ၏ နိုင်ငံတကာဆိုင်ရာ သဘောတူညီချက်တို့ကိုလိုက်နာလျှက် ဆက်ဆံရေးကောင်းတစ်ခုကို ဆက်လက်တည်ဆောက်သွားပါမည်။
 

kangonschool hall2

kangonschool hall3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.