ဆေးစောင့်ရှောက်မှု ဆက်လက်ချီတက်

htanaunggon medical1

MICCL အဖွဲ့အစည်းကတည်းက ၂ဝဝဝခုနှစ်အစောပိုင်း အစပြုခဲ့သော ကျေးရွာများအတွက် အထွေထွေကျန်းမာရေး စောင့်ရှောက်မှု ပရဟိတလုပ်ငန်း အစီအစဉ်သည် အချိန်တိုတိုနှင့် အကျိုးများသည့် အပြင် များစွာနှစ်ချိုက်သဘောကျကြသည့် ဆေးပညာစောင့်ရှောက်သော ဝန်ဆောင်မှုတစ်ခုအဖြစ် ပွင့်လန်းနေပြီဖြစ်သည်။

လာမည့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်များအတွက် (အမေရိကန်ဒေါ်လာ - ၄၅ဝဝဝ) ကုန်ကျစရိတ်ကို အခမဲ့နယ်လှည့် ကုသမှုအသုံးပြုရန်အတွက် ခန့်ခွဲသတ်မှတ်ပြီး ဖြစ်ပါသည်။ ဤငွေထောက်ပံ့ကြေးငွေသည် မြန်မာယန်စီနှင့် စပါယ်တောင်၊ကြေးစင်တောင် စီမံကိန်း မြေငှားပိုင်ဆိုင်သူ ဦးပိုင်ကုမ္ပဏီ ၏ ဒေသတွင်း ကျန်းမာရေး စောင့်ရှောက်မှု၏ အမှန်တကယ်ကုန်ကျငွေ၏ ၂၅% ခန့်သာဖြစ်ပါသည်။ ထနောင်းကုန်းနှင့် ကျောက်မျက် ကျေးရွာများ၏ ထပ်မံတောင်းဆိုချက်ကို လှိုက်လှဲစွာကြိုဆိုပြီး ၂ဝ၁၆-၁၇ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းအစီအစဉ်များကို အထူးအာရုံစိုက်ကာ ချမှတ်ခွင့်ပြုထားသော (အမေရိကန်ဒေါ်လာ ၅ဝဝဝဝဝ)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားပါမည်။ ယခုအခါ စပါယ်တောင်၊ ကြေးစင်တောင် သတ္တုတွင်း၏ ပတ်ဝန်းကျင် ၁၂ရွာအား အခမဲ့ဆေးကုသပေးလျှက်ရှိပါသည်။ မြန်မာယန်စီမှ နယ်လှည့် ကုသပေးနေသော ကျေးရွာများ၏ အမည်များမှာ ၁။ ဝါးတန်း ၂။ တယ်ပင်ကန် ၃။ ကံကုန်း ၄။ ဒုန်းတော ၅။ ရွာသာ ၆။ဂုဏ်တော ရ။ ကျေးစာကျ ၈။ ဆည်ထန်းတောကြီး ၉။ ရေကြည်ပင် ၁ဝ။ မြရိပ် ၁၁။ ကျောက်မျက် ၁၂။ ထနောင်းကုန်း တို့ ဖြစ်ပါသည်။

htanaunggon medical3

htanaunggon medical4
kyaukmyet medical1
kyaukmyet medical2
kyaukmyet medical4
kyaukmyet medical3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.