ရွှေပန်းခိုင် တံတား ထပ်မံပြု ပြင်ခြင်း

shwepankhine bridge1

၂ဝ၁၅-၂ဝ၁၆ ရံပုံငွေတွင် ရွှေပန်းခိုင်ကျေးရွာသူကျေးရွာသားများ သွားလာရေး လွယ်ကူစေရန်အလို့ငှာ ဒုတိယအပိုင်း တံတားတည်ဆောက်မှုကို ငွေကြေးမြောက်မြားစွာ ကုန်ကျခံကာ အထူးအလေးထား ဆောင်ရွက်ခဲ့ပါသည်။

၂ဝ၁၆ နှစ်လယ်ပိုင်းတွင် ရေတဟုန်ထိုးတိုးလာခြင်းကြောင့် အသေအချာခိုင်မာစွာတံတားတည်ဆောက်ထားသော ဘေးဘက်နေရာများ ပျက်စီးခဲ့ပါသည်။
တည်ဆောက်ပြီးကာစ ရွှေပန်းခိုင်တံတားသည် ရေစီးကြောင်းများတွင် အမှိုက်၊ဒိုက်များ၏ပိတ်ဆို့မှုကြောင့် ရေစီးကြောင်းအတားအဆီးများ၏အားကြောင့် ၂ဝ၁၆ မေလ ၂၉ ရက်နေ့တွင် ရေတဟုန်ထိုးတိုးခြင်းဖြင့် တံတားထိခိုက်စေခဲ့ပါသည်။ သစ်ပင်များ၊ ရွှံ့များနှင့်အတူ ကမ်းပါးမှ များပြားသော အမှိုက်သရိုက် များလည်း ရေစီးနှင့်သယ်ဆောင်ပါလာခြင်းကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ပျက်ခြင်းကြောင့် ဘေးနှစ်ဖက်တိုက်စားမှုဖြစ်ပေါ်စေပြီး တံတားသစ်ကို ထိခိုက် စေခဲ့ကာ များပြားလာသော အမှိုက်ဒိုက်များသည် ဘေးကမ်းပါးများပျက်စီးစေခဲ့ပါသည်။
မြန်မာယန်စီမှ အင်ဂျင်နီယာအဖွဲ့သည် တံတားခိုင်ခန့်အောင်မည်ကဲ့သို့တည်ဆောက်ရမည်ကို တွက်ချက်စဉ်းစားလျှက် ဒုတိယအကြိမ်တည်ဆောက်မှုကို ရွေပန်းခိုင်ရွာ သားများ၏တောင်းဆိုချက်အရ ဆက်လက်လုပ်ဆောင်ပေးပါမည်။ ပထမအကြိမ်စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၆၄၇၉၃.၆၆) ကုန်ကျခံခဲ့ပြီးဖြစ်သည်။ နောက်ထပ်ထိုသို့ထိခိုက်မှုမရှိအောင် သေချာစဉ်းစားတွက်ချက်ပြီး တံတားထပ်မံပြုပြင်မည်ဖြစ်ပါသည်။ ဘေးနှစ်ဖက်၏ ခံနိုင်အားကို တိုးမြင့်မည် ဖြစ်သည်။ တံတားသည် အပေါ်မှ ဖုံးအုပ်ထားသော မြေနီများဖယ်ရှားပြီး တံတား၏ ကွန်ကရက်မျက်နှာများကို ဆင်ခြေလျှောပုံစံကျောက်တုံးများဖြင့် အခိုင်အမာ တည်ဆောက်ပါမည်။ အနှစ်ချုပ် အနေဖြင့် တံတားအပေါ်ပိုင်း ထိခိုက်မှုမရှိအောင် ဆင်ခြေလျှောနှင့် တံတားအားတိုးချဲ့တည်ဆောက်ထားပြီးဖြစ်သခြင့် ရေစီးကြောင်းကို ပိုမိုကောင်းမွန်စေပြီး ရေတဟုန်ထိုး တိုးလာမှုကိုလည်း ခံနိုင်ရည်ရှိမည် ဖြစ်ပါသည်။
ထိုသို့တံတားတည်ဆောက်မှုအား ၂၀၁၅-၂ဝ၁၆-၂ဝ၁၇ ရံပုံငွေတွင် အမေရိကန်ဒေါ်လာ ၁၆ဝဝဝ ပတ်ဝန်းကျင်ခန့် ထပ်မံအကုန်အကျခံ တည်ဆောက် မည်ဖြစ်သည်။ တည်ဆောက်ခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများစတင်လုပ်ဆောင် နေဆဲဖြစ်ပြီး လှုမှုဖွံဖြိုးရေးအဖွဲ့သည်လည်း ကျေးရွာသူကျေးရွာသား များ ထိုတံတားတည်ဆောက်မှု ပြီးစီအောင် အသေအချာဆွေးနွေးလုပ်ဆောင်ဖို့ကြိုးစားလျှက်ရှိပါသည်။
 

shwepankhine bridge4

shwepankhine bridge5
shwepankhine bridge3
shwepankhine bridge2

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.