သက်ကြီးပူဇော်ကန်တော့ ပွဲ

over75person 2016 1

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆားလင်းကြီးမြို့နယ် လက်ပတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းများ၏ အနီးပတ်ဝန်းကျင်ကျေးရွာများရှိအသက်(၇၅) နှစ်နှင့်ထက် ဘိုး/ဘွားများအား ပူဇော်ကန်တော့ ပွဲအား တန်ဆောင်မုန်းလပြည့် (၁၄.၁၁.၂၀၁၆) နေ့ နံနက်(၈)နာရီမှစ၍ လက်ပတောင်း တောင်ကြား ဓမ္မာရုံ၌ ကျင်းပခဲ့ပါသည်။

ထိုပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်တို့တက်ရောက်ခဲ့ပါသည်။ မြန်မာယန်စီကေ့ာပါးလီမိတက်မှလည်း ဥက္ကဌ မစ္စတာကျန်းရီဖုန်းတက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဘိုး/ဘွားများအားငွေနှင့်လက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါသည်။ မြန်မာယန်စီ အနီးပတ်ဝန်းကျင် (၁၇)ရွာမှ စုစုပေါင်း (၅၈၉)ဦးကန်တေ့ာခံခဲ့ပါသည်။ တစ်ဦးလျှင်ငွေသားကျပ်(၅)သောင်း၊စောင်(၁)ထည်၊ရေသန့်ဗူးနှင့်အခြားစားစရာများပေးအပ်ခဲ့ပါသည်။ ထို့အပြင် တက်ရောက်လာသူ ဘိုး/ဘွားများနှင့် ပရိသတ်များအားလုံးကို ထမင်း/ဟင်းလျာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ထိုပွဲအတွက် မြန်မာယန်စီကော့ပါးလီမိတက်မှ ၃၂,၁၂၅,၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၂၅၀၀၀ ခန့်)လှူဒါန်းခဲ့ပါသည်။ အခမ်းအနားကို နံနက် (၁၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။
 
 

over75person 2016 4

over75person 2016 5
over75person 2016 6
over75person 2016 2
over75person 2016 7
over75person 2016 8
over75person 2016 9
over75person 2016 3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.