ကျောင်းသားများအား ပညာရေး ထောက်ပံ့ခြင်း

2016 scholarship 1

မြန်မာယန်စီအနီးပတ်ဝန်းကျင်ကျေးရွာများမှ ပညာသင်နေကြသော တက္ကသိုလ်နှင့်ဆယ်တန်းကျောင်းသားများ အား မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာယန်စီတို့မှ CSR ဘတ်ဂျက်မှ နှစ်စဉ်ပညာသင် ထောက်ပံ့ကြေး များပေးလျှက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ ယခုနှစ်(၂၀၁၆-၂၀၁၇) ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ၂၄.၁၁.၂၀၁၆(အမျိုးသားနေ့) တွင် ဆားလင်းကြီး မြို့နယ်ခန်းမတွင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စည်ပင်သာယာရေး ဝန်ကြီး၊စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အခြားဖိတ် ကြားထားသောဧည့်သည်တော်များ၊ အလှူရှင်များနှင့် ကျောင်းသား၊ကျောင်းသူများတက်ရောက်ကြပါသည်။
ယခင်နှစ်(၂၀၁၅-၂၀၁၆)တွင် တက္ကသိုလ်ကျောင်းသား/သူ(၅၃၁)ဦးနှင့် ဆယ်တန်းကျောင်းသား/သူ(၂၇၂)ဦး တို့အတွက် ပညာသင်ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ်လာ ၆၀,၆၃၆.၀၀ ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုနှစ် (၂၀၁၆-၂၀၁၇)တွင် တက္ကသိုလ်ကျောင်းသား/သူ(၄၄၅)ဦးနှင့် ဆယ်တန်းကျောင်းသား/သူ(၆၃၁)ဦးတို့အတွက် ပညာသင်ထောက်ပံ့ကြေးငွေ အမေရိကန်ဒေါ်လာ ၇၀,၅၄၄.၀၀ အားထောက်ပံ့ပေးခဲ့ပါသည်။ မုံရွာကြေးနီ သတ္တုတွင်း အနီးအနားရှိ ကျေးရွာများတွင်နေထိုင်သော ကျောင်းသား/သူများ၏ ပညာသင် ထောက်ပံ့ကြေး အတွက် မြန်မာယန်စီနှင့်မြန်မာဝမ်ပေါင်မှ ပူးပေါင်းကူညီထောက်ပံ့ပေးပါသည်။ တက်ရောက်လာသူ အားလုံး အတွက် မင်္ဂလာရှိသော အခမ်းအနားတစ်ခုပင်ဖြစ်သည်။

2016 scholarship 2

2016 scholarship 4
2016 scholarship 5
2016 scholarship 7
2016 scholarship 6
2016 scholarship 3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.