ကျေးရွာမှသည်ကျေးရွာသို့ စီအက်အာ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကနဦးဆောင်ရွက်ချက်များ

banenwechaung mmt1

စံပယ်တောင်၊ကြေးစင်တောင်သတ္တုတွင်း၏ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ CSR စီမံကိန်းတစ်ခုအနေဖြင့် အခမဲ့ ဆေးကုသပေးလျှက်ရှိသော နယ်လှည့်ဆေးကုသခြင်းအဖွဲ့သည် ၂ဝ၁၆ ခုနှစ်အတွင်း လူနာပေါင်း ၁၉,၁၄၉ ဦးကို ကုသပေးခဲ့ပြီး ကုသပေးသော ဆေးဝါးများအတွက်ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၁၈,၈ဝ၈.၃၉ ဖြစ်ပါသည်။

ယခုအခါ စံပယ်တောင်၊ ကြေးစင်တောင် သတ္တုတွင်း၏ အနီးပတ်ဝန်းကျင်ကျေးရွာ (၁၂) ရွာကိုအခမဲ့ဆေးကုသပေးလျှက်ရှိပါသည်။ မြန်မာယန်စီကုမ္ပဏီ၏ Medical Mobile Team အဖွဲ့မှ အပတ်စဉ် နယ်လှည့်ဆေးကုသပေးလျှက်ရှိသော ကျေးရွာများမှာ - ၁။ ကံကုန်း ၂။ ဒုန်းတော ၃။ ဂုဏ်တော ၄။ ရွာသာ ၅။ ရေကြည်ပင် ၆။ ဝါးတန်း ရ။ တယ်ပင်ကန် ၈။ မြရိပ် ၉။ ဆည်ထန်းတောကြီး၊ ၁၀။ ကျေးစာကျ ၁၁။ ကျောက်မျက် ၁၂။ ထနောင်းကုန်း တို့ဖြစ်ပါသည်။
ထပ်မံ၍ ဘိန်းနွယ်ချောင်ကျေးရွာ၏ တောင်းဆိုမှုအား ၂ဝ၁၆-၁၇ ဘဏ္ဍာရေးနှစ်များအတွက် စီမံကိန်းမှ ကြိုဆိုခဲ့ပါသည်။ နှစ်စဉ်ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၅၁၅၉၉.၂၂ ကိုမိုင်းမြို့ ဆေးရုံနှင့်ဆေးခန်းအတွက် အသုံးပြုထားပြီး အမေရိကန်ဒေါ်လာ ၁၃ဝ၈ဝဝ.ဝဝ ကို MYTCL ၏ ဆေးဘက်ဆိုင်ရာစီမံခန့်ခွဲရေးတစ်ခုလုံးနှင့် ဝန်ထမ်းများအားလုံးအတွက် ပေါင်းစပ်လျာထားပါသည်။ ၂ဝ၁၇ ခုနှစ်တွင် ဝန်ထမ်းအရေအတွက် တိုးလာသဖြင့် X-Ray စက်အသစ်တစ်ခု ဝယ်ယူရန်နှင့် ပစ္စည်းကိရိယာ အဟောင်းနေရာတွင် ပိုမိုခေတ်မှီတိုးတက်သော စက်ပစ္စည်းများ အစားထိုးရန် ငွေကြေးကုန်ကျမှုလျာထားပြီးဖြစ်ပါသည်။ ၂ဝ၁၅ ခုနှစ်မှစ၍ အခမဲ့နယ်လှည့် ဆေးကုသရေးအဖွဲ့ကို နောက်ထပ်ကျေးရွာနှစ်ရွာ ထပ်ပေါင်းထားခဲ့ပြီး လာမည့်နှစ်အနည်းငယ်အတွင်းကျေးရွာများသို့ မကြာခဏ လှည့်လည်ကုသနိုင်ရန် စီမံကိန်းမှ ပိုမိုထိရောက်အောင်လုပ်ဆောင်နိုင်ရန်အတွက် ပြန်လည်သုံးသပ်လုပ်ဆောင်သွားနိုင်ရန် ကြိုးစား နေပါသည်။ နယ်လှည့်ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု အစီအစဉ်တွင် ဆရာဝန် တစ်ဦးနှင့် သူနာပြု (၂) ဦး၊ လူနာတင်ကားဖြင့် CSD အဖွဲ့ကိုယ်စားလှယ်များမှ ကျေးရွာများသို့ သွားရောက်ပါသည်။ ထိုလုပ်ဆောင်မှုများတွင် အဖွဲ့ (၂) ဖွဲ့ရှိပါသည်။ MYTCL အတွက် တစ်ဖွဲ့နှင့် MWMCL အတွက်တစ်ဖွဲ့ စီစဉ်ထားပါသည်။ တနင်္လာနေ့မှ စနေနေ့ အထိ နယ်လှည့် ဆေးအဖွဲ့များမှတဆင့် အလှည့်ကျ ကျေးရွာများ၏ အခြေခံကျန်းမာရေးကိစ္စများနှင့် CSR အဖွဲ့မှ သတင်းအချက်အလက်များကို အသိပေးသွားပါသည်။ အချိန်နှင့်အမျှ အနီးအနား ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများမှ ဆေးဘက်ဆိုင်ရာ အရေးပေါ် အခြေအနေများနှင့် သယ်ယူပို့ဆောင်ရေးကိုပါ ကူညီဆောင်ရွက်သွားပါသည်။
မိုင်းမြို့ အထက်တန်းကျောင်းတွင် ကျန်းမာရေး ဟောပြောပွဲများကို လစဉ်ပြုလုပ်သည့်အပြင် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ထမ်းအဖွဲ့ဝင်များမှ ဒေသခံကျောင်းများနှင့် ကျေးရွာရှိ အဘိုးအဘွားများ၏ အိမ်များတွင် ပညာပေးဆွေးနွေးပွဲများအမြဲပြုလုပ်ပေးလျှက်ရှိပါသည်။ ဆေးဘက်ဆိုင်ရာ အထိမ်းအမှတ်နေ့များတွင်လည်း အစိုးရကျန်းမာရေး အဖွဲ့နှင့်အတူ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၅ နှစ်အောက်ကလေးများ၏ ကျန်းမာရေးကို တစ်ဦးချင်း ကျန်းမာရေး ပညာပေးခြင်းများ လုပ်ဆောင်ပေးပါသည်။ ဆရာဝန်များနှင့် MYTCL မှအကူအညီပေးရေးအဖွဲ့သည် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်များ စစ်ဆေးခြင်းကို ကျောင်းများနှင့် နေအိမ်များသို့ သွားရောက်လုပ်ဆောင်ပေးပါသည်။ အိမ်သာနှင့် သောက်သုံးရေပေးဝေရေးကိုလည်း ကြည့်ရှုစစ်ဆေးပေးပါသည်။
အာဟာရမြှင့်တင်ရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဆေးကုသရေးဝန်ထမ်းများမှ ၃ နှစ်အောက်ကလေးများ၏ အလေးချိန်ကို တိုင်းတာမှုကို ၂ဝဝ၃ ခုနှစ်ကတည်းက လုပ်ဆောင်ပေးခဲ့ပါသည်။ နိုင်ငံတကာမှ သတ်မှတ်ထားသော ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်များတွင်လည်း ကာကွယ်ဆေးထိုးပေးခြင်းများကို ပြည်သူ့ကျန်းမာရေးအဖွဲ့တစ်ခုအနေနှင့် ပါဝင်ဆောင်ရွက်ပေးပါသည်။ ထိုအစီအစဉ်တွင် တစ်နှစ်အောက်ကလေးအရွယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ရောဂါ (၆) မျိုးအတွက် ကာကွယ်ဆေး ထိုးခြင်းများပါဝင်ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှုတွင် ဝက်သက်ရောဂါနှင့် ဘီပိုးကာကွယ်ဆေး၊ ဗီတာမင်အေ ချို့တဲ့မှုကြောင့် မျက်စိကွယ်ခြင်း၊ မွေးကင်းစ ကလေးငယ်များအတွက် ကူညီစောင့်ရှောက်မှုနှင့် မွေးဖွားမည့် မိခင်လောင်းများအတွက် ပုံမှန်ဆေး စောင့်ရှောက်မှုနှင့် သိသည့်သည်များကိုလည်း အမြဲတမ်း ပညာပေးဆေးနွေးခြင်းများ ပါဝင်ပါသည်။ အစီအစဉ်တွင် အောက်ပါကျန်းမာရေး ကြိုတင်ကာကွယ်စောင့်ရှောက်မှုများလည်းပါဝင်သည်။
T.T - မေးခိုင်ရောဂါကာကွယ်ဆေး Toxoid
BCG - တီဘီရောဂါ ကူးစက်မှုများ
PENTA -5 ရောဂါ များကာကွယ်တားဆီးရေး ;
၁။ ဆုံဆို့နာရောဂါ
၂။ ကြက်ညှာချောင်းဆိုးရောဂါ
၃။ မေးခိုင်ရောဂါ
၄။ အသဲရောင်အသားဝါ ဘီပိုးနှင့်
၅။ ဦးနှောက်အမြှည်းရောင်ရောဂါ
အထက်ပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသည် လူ့အဖွဲ့အစည်းအားလုံးအတွက် များစွာ အထောက်အကူပြုပြီး အကျိုးများလှပါသည်။ MYTCL သည် လူ့အဖွဲ့အစည်း၏ ကလေးများနှင့် အရွယ်ရောက်သူများကို ကူညီခြင်းအားဖြင့် ပိုမိုကျန်းမာသော ဘဝများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမို ပြည့်ဝသော ဘဝများသို့ဖြစ်ပေါ်စေပါသည်။

banenwechaung mmt2

banenwechaung mmt3
banenwechaung mmt4
banenwechaung mmt5

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.