ကျေးစာကျကျေးရွာအတွက်ရေသန့်စက်

kyeethakya purifier1

ကျေးစာကျကျေးရွာသည် ယမားချောင်းဘေးတွင် တည်ရှိပါသည်။

တစ်နှစ်ပတ်လုံးရေကို တိုက်ရိုက်ရရှိနိုင် သော်လည်း ရေသန့်စနစ်နှင့် ရေပိုက်လိုင်းများမရှိပေ။ ကျန်းမာရေးနှင့်အညီ သန့်ရှင်းစွာသောက်သုံးနိုင်ရန် အတွက် ကျေးစာကျကျေးရွာအုပ်ချုပ်ရေးမှူးသည် မြန်မာယန်စီအား ရေသန့်စက်နှင့် ဆက်စပ်ပစ္စည်များ တပ်ဆင်ပေးပါရန်အကူအညီတောင်းခံခဲ့ပါသည်။ မြန်မာယန်စီသည် ၂၀၁၆-၁၇ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ် တွင်ထည့်သွင်းပြီး တင်ဒါခေါ်ယူကာ Naing Lin Group ကုမ္ပဏီအား တည်ဆောက်စေခဲ့ရာ (၈.၅.၂၀၁၇) တနင်္လာနေ့တွင် ပြီးစီးခဲ့သဖြင့်ကျေးရွာအား လွှဲပြောင်းလှူဒါန်းခဲ့သည်။ ထိုစီမံကိန်းအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ US$ 7530 ကုန်ကျပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကျေးရွာသားများမှာ ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် မြန်မာယန်စီအားအထူးကျေးဇူးတင်လျှက်ရှိပါသည်။
 

kyeethakya purifier2

kyeethakya purifier3
kyeethakya purifier4
kyeethakya purifier6
kyeethakya purifier7
kyeethakya purifier5

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.