ဂုဏ်တောကျေးရွာ တာဘောင်လမ်းပြီးစီးခြင်း

gondaw embankment1

ဂုဏ်တောကျေးရွာသည် ကြေးနီသတ္တုတွင်း၏ မြောက်ဘက်ကပ်လျက် ယမားချောင်းဘေးတွင်တည်ရှိပါသည်။ ဂုဏ်တောကျေးရွာအုပ်ချုပ်ရေးမှူးမှ မြန်မာယန်စီအား ဂုဏ်တောကျေးရွာ အတွက် ယမားချောင်းဘေးတွင် တာဘောင်လမ်း ပြုလုပ်ပေးရန်အတွက် တောင်းဆိုခဲ့ပါသည်။
၂၀၁၆-၂၀၁၇ ကျေးရွာဖွံ့ဖြိုးရေးရံပုံငွေတွင် ကျေးရွာများ၏တောင်းဆိုချက်များကို ထည့်သွင်းပြီးမြောက်အောင်မြင်ခဲ့ပြီးဖြစ်ပါသည်။ မြန်မာယန်စီသည် ကျေးရွာဖွံ့ဖြိုးရေးအတွက် တင်ဒါခေါ်ယူကာ ကြယ်လင်းသစ်ကုမ္ပဏီအား လုပ်ကိုင်စေခဲ့ရာ၂၂.၆.၂၀၁၇ (ကြာသပတေးနေ့) တွင်ပြီးစီးခဲ့ပြီး US$21362.00 ဒေါ်လာကုန်ကျပါသည်။ မြန်မာယန်စီသည် ဂုဏ်တော ကျေးရွာအတွက် ရေသန့်စက်တစ်လုံး၊ ဓာတ်တိုင်(၄၅) တိုင်နှင့် (ဝ.၄) KVA ဓာတ်ကြိုး (၃၂ဝဝ) ပေကိုလည်း လှူဒါန်းပေးခဲ့ပါသည်။ ကျေးရွာများအတွက် ပညာရေး၊ လူမှုရေး၊ သာသနာရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍများ အားလုံးတွင် မြန်မာယန်စီသည် တတ်စွမ်းသမျှ ဆက်လက်အကူအညီပေးသွားမည်ဖြစ်ပါသည်။
 

gondaw embankment2

gondaw embankment3
gondaw embankment4
gondaw embankment5

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.