ရေသိုလှောင်ရန် IBC ပုံးလှူဒါန်းခြင်း

container ibc

မြန်မာယန်စီကုမ္ပဏီ၊ မိုင်းဆိုက် ပတ်ဝန်းကျင်တွင် ရှိသော ဘုန်းကြီးကျောင်းများသည် နှစ်စဉ် တောင်ဆို မှု များစွာ ရှိကြသည်။
ထိုတောင်းဆိုမှုများအနက် ရေထောက်ပံခြင်းသည် အဓိကအရေးကြီးသောအရာတစ်ခုဖြစ်သည်။

ဘုန်းကြီးကျောင်းများနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ရေသိုလှောင်ရန် အဓိကရည်ရွယ်ချက်ဖြင့် IBC ပုံးများ ကို တောင်းဆိုခြင်းဖြစ်သည်။ မြန်မာယန်စီကုမ္ပဏီမှIBC သုံးပုံးကို ဘုန်းကြီးကျောင်းဝန်းအတွင်းအသုံးပြုရန် အတွက် မြရိပ်တောင်ပေါ်ကျောင်း၊ ဆရာတော် ဦးကရုည အားလှူဒါန်းခဲ့သည်။ အားလှူဒါန်းခဲ့သည်။ မြန်မာ ယန်စီကုမ္ပဏီ၏ စီမံခန့်ခွဲမှုအရ CSDအဖွဲ့သို့ ဤကိစ္စအားဆောင်ရွက်ရန် ပြောကြားပြီး CSD အဖွဲ့နှင့် process ဌာနတို့မှ ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့သည်။ CSD ဌာန၏အစီစဉ်ဖြင့် ၂၈ ရက်၊ စက်တင်ဘာ၊ ၂၀၁၇ တွင် မြရိပ် ဆရာတော်မှ IBC သုံးပုံးကို လက္ခံရရှိ သည်။
CSD/CSR အလုပ်နှင့် စီမံကိန်း လှူဒါန်းမှုများအတွက် အဓိကအားဖြင့် အသုံးပြုသော ရန်ပုံငွေရှိသော်လည်း မြန်မာယန်စီကုမ္ပဏီ ၏ စီစဉ်မှုဖြင့် ထောက်ပံပေးသော ငွေကြေးလှူဒါန်းမှု များလည်း မကြာခဏဆိုသလို ရှိကြသည်။ အဆိုပါ ထောက်ပံမှုများမှာ ထင်း၊ IBC ပုံးများ ၊ လောင်စာဆီများ၊ ရံဖန်ရံခါများတွင် ဆောက်လုပ်ရေး စီမံကိန်းအနည်းငယ်တို့ ရှိသည်။ ထိုမှကျော်လွန်လျှက် နှစ်စဉ် ဘာသာရေးနှင့်ဆိုင်သော လှူဒါန်းမှုများနှင့် အဖွဲ့စည်းတွက် ဘက်ဂျက်များလည်းရှိသည်။
 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.