သက်ကြီးရွယ်အိုများနှင့်ကျောင်းသားများ လှူဒါန်းခြင်း

elderlydonation 1

ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာဝမ်ပေါင်ကုမ္ပဏီ၊ မြန်ယန်စီကုမ္ပဏီနှင့် မြန်မာစီပွားရေးဦးပိုင် ကုမ္ပဏီ တို့မှ သက်ကြီးရွယ်အိုများပူဇော်ကန်တော့ပွဲ နှင့် ကျောင်းသားများအတွက်ပညာသင်ထောက် ပံ့ပွဲကို အနီရောင်ကော်ဇောပြင်ပေါ်တွင် ခမ်းနာစွာ နောက်တစ်ကြိမ် ကျင်းပခဲ့ပြန်ပါသည်။

လက်ပံတောင်းတောင် စီမံကိန်း၏ အခမ်းအနားတစ်ခုဖြစ်သည့် ဤအခမ်းအနားကို ဆားလင်းကြီးမြို့နယ် ကျော်ရွာကျေးရွာ၊ လက်ပတောင်း စေတီတွင် မြန်မာယန်စီ ကုမ္ပဏီမှ ပတ်ဝန်းကျင်ကျေးရွာ (၁၈)ရွာနှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီ မှ ပတ်ဝန်းကျင်ကျေးရွာ (၃၃) ရွာ တို့အတွက် အတူတစ်ကွ ပူးပေါင်းပြီး ကျင်းပပေးခဲ့သည်။ ဤအခမ်းအနားတွင် လေးစားအပ်ပါသော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန မှ ဗိုလ်မှူးကြီး ကျော်သန့်နိုင်၊ ခရိုင်မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ ယန်စီကုမ္ပဏီ နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့မှ တာဝန်ရှိဝန်ထမ်းများ၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ CSD ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဗိုလ်မှူးကြီး ကျော်သန့်နိုင်မှ ဤကဲ့သို့ ဝမ်းမြောက်ဖွယ်ကောင်းသော အခမ်းအနား များပြုလုပ်သည့်အတွက်ကြောင့် ကျေးရွာအဖွဲ့အစည်းများ၊သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ချစ်ခင်ရင်းနှီးစွာ အလုပ်လုပ်ခဲ့သည့် မြန်မာယန်စီနှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့အား အထူးပင်ကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထိုနောက် မြန်မာဝမ်ပေါင် မှ အထွေထွေမန်နေဂျာ မစ်စတာ လောဇုန် မှ လည်း ကျေးရွာအဖွဲအစည်းသို့ ကျေးဇူး တင် ဝမ်းမြောက်ကြောင်းပြောကြားခဲ့သည်။ မြန်မာယန်စီကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဥက္ကဌ ကျန်းရီဖုန်း ကိုယ်စား အော်ပရေးမန်နေဂျာ ၊ PR & CSD မန်နေဂျာ မစ်စတာဝေါလစ်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
 

elderlydonation 2

elderlydonation 3
elderlydonation 5
elderlydonation 6
elderlydonation 7
elderlydonation 4
elderlydonation 8
elderlydonation 9

 
 
 
 
 
 
 
 
 
 
"စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များ မြန်မာ စီးပွားရေး ဦးပိုင်လီမိတက် ၊မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ကျေးရွာများ မှ အဘိုးအဘွား များ၊ကျောင်းသား ကျောင်းသူများ မင်္ဂလာပါခင်ဗျာ။မိမိအနေဖြင့် မြန်မာယန်စီကော့ပါးကုမ္ပဏီကိုယ် စား ယနေ့ မှာ စကားပြောခွင့်ရရှိသည့် အတွက်အင်မတန် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်ုပ်တို့အားလုံး အတွက် ယနေ့ဟာ ထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ပထမဆုံးအနေဖြင့် မြန်မာယန် စီကော့ပါးလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ၊ ဥက္ကဌ ကိုယ်စား မိမိမှ လည်း ကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ မိမိတို့ကုမ္ပဏီ၏ နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူများကို လက္ခံပေးခဲ့သည့်အတွက် မြန်မာအစိုးရ ကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါတယ်။ အစိုးနှင့် ကုမ္ပဏီအတူတကွပူးပေါင်းဆောင်ရွက်မှုမရှိပါက ကျွန်တို့၏ CSD နှင့် CSR လုပ်ငန်းများ ထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်းရှိမည်မဟုတ်ပါ။ယနေ့ တွင်လည်း ကုမ္ပဏီအနီးပတ်ဝန်းကျင် ကျေးရွာများနှင့် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါတယ်။
ဤ ၅-နှစ်တာကာလအတွင်းမှာ ယန်စီကုမ္ပဏီဟာ မြန်မာ့ စီးပွါးရေးဦးပိုင်းကုမ္ပဏီနဲ့ ပူးတွဲဆောင်ရွက် ပြီး ဒေသခံအစိုးရရဲ့ လမ်းညွှန်ချက်၊သဘောတူညီမှုများအတိုင်း အနီးပတ်ဝန်ကျင်းကျေးရွက်များရဲ့ ပညာရေး၊ ဆေးဝါးကုသရေးနဲ့ အခြေခံအဆောက် အအုံတည်ဆောက်ရေး စတဲ့နယ်ပယ်များမှာ ဖွံ့ဖြိုးတိုးတက်မှု၏ ဖွံဖြိုးတိုးတက်မှုများမှာ သိသာစွာဖွံဖြိုးတိုးတက်လာမှုများကို မြင်တွေ့နိုင်ပါ တယ်။ယခုကဲ့သို့ လျှင်မြန်စွာတိုးတက်မှုများဟာ ယခင်က ကျွနုပ်တို့သည်အနာဂါတ်မှာပြုလုပ်နိုင်မယ် လို့ မမျှော်မှန်းနိုင်ခဲ့ပါဖူး။ အဲဒီလိုအောင်မြင်မှုမှာ မျှော်မှန်းသည်ထက်ပိုမိုလုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါတယ်။ ယနေ့မှစပြီး ဤကဲ့သို့အောင်မြင်မှုများကိုသမိုင်း မှတ်တမ်းတင်ခံနိုင်ရမည်ဖြစ်ပြီး ပါဝင်သူများကလည်း သမိုင်းတွင် ချန်ပီယံ တစ်ယောက်အဖြစ်မှတ်တမ်းမှာရှိနေမည်ဖြစ်သည်။
ယနေ့ ပထမဦးဆုံးအနေဖြင့် ကျွန်ုပ်တို့ အနီးကျေးရွာများရှိ လေးစားချစ်ခင်ရပါသော၊ ကောင်းရာကို ညွှန်ကြားပြသပေးပါသော သက်ကြီးရွယ်အိုများနှင့် ကျွန်တို့နိုင်ငံ၏ အနာဂါတ်ဖြစ်သည့် ကျောင်းသား၊ သူများ အတွက် ပညာသင်ထောက်ပံကြေးနှင့် လှူဒါန်းပွဲအခမ်းအနားကို ကျင်ပခြင်းဖြစ်ပါတယ်။
မြန်မာယန်စီကုမ္ပဏီနှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ပြီး လှူဒါန်းမှု့တစ်ခုလည်းဖြစ် ပါတယ်။ ယခုကဲ့သို့ လှူဒါန်းမှုဖြင့် သက်ကြီးရွယ်အိုများ၏ ဘဝလုံခြုံမှုနှင့် ကျောင်သား၊သူများ၏ ပညာသင်ကြားမှု မြှင့်တသ်စေနိုင်လိမ့်မည် ဟုမျှော်လင့်ပါသည်။
မြန်မာယန်စီကုမ္ပဏီ၏ ဝန်ထမ်းများ၊ ခေါင်းဆောင်များ ကိုယ်စား၊ လေးစားရပါသော သက်ကြီးရွယ်အို များကို ကျန်းမာအသက်ရှည်ပါစေ ကျောင်းသား၊သူများအနေနှင့်လည်း စာကြိုးစားပြီး အနာဂါတ်မှာ တောက်ပသော ကြယ်တစ်ပွင့်ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ယနေ့ကဲ့သို့ ပြောကြားခွင့်ရသည့် အတွက် ကြွရောက်လာသူ အားလုံးအထူးကျေးဇူးတင်ရှိပါတယ်။"

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.