CSD ရုံးဖွင့်ပွဲ အခမ်းအနား

gift ceremony1

ပတ်ဝန်းကျင် နှင့် လူ့အဖွဲ့အစည်း လှုပ်ရှားမှု CSD စင်တာကို လွန်ခဲ့သော ၂၀၁၅ ခုနှစ်ကတည်း ကစတင် တည်ထောင်ခဲ့ပြီး ယခုအခါ ရပ်ရွာ CSD အသင်းအတွက် အိမ်သဖွယ်ဖြစ်လာခဲ့သည်။ ထိုအချိန်ကတည်းက မြန်မာယန်စီ PR & CSD ညှိနှိုင်းရေး ဌာနသည် တရားဝင် ရုံးဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ခြင်းမရှိပါ။

မြန်မာယန်စီ CSD အသင်း နှင့် PR ဌာန မှ ရုံးဖွင့်ပွဲအခမ်း အနား နှင့်အတူ ပရိတ်ရွတ်ဖတ်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှုးများသို့ နှစ်သစ်လက်ဆောင် ပေးအပ်ခြင်း အခမ်း အနား ကို ၂၀၁၈ ဇန်နဝါရီလ ( ၉) ရက်နေ့ နံနက်ခင်းတွင် ကျင်းပခဲ့သည်။ အထူးဖိတ်ကြားထားသော MEHL မှ တာဝန်ရှိလူကြီးမင်းများ ၊ မြန်မာယန်စီ ဧရိယာရှိ ကျေးရွာ (၁၈) ရွာမှ အုပ်ချုပ်ရေးမှူးများ ၊ ကျေးရွာ CSD ကိုယ်စားလှယ်များသည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ မြန်မာရိုးရာအရ ဆရာတော် (၃) ပါးပင့်ဖိတ်ပြီး ဆွမ်း (မုန့်ဟင်းခါး) နှင့် အချိုပွဲ (သစ်သီး )ဆပ်ကပ် လှူဒါန်းခဲ့သည်။ ၎င်းနောက် ရုံးအတွင်းနေထိုင် သော ဝန်ထမ်းများ ကံကောင်းခြင်များ ရရှိစေရန် ဆရာတော်များမှ ပရိတ်ရွတ်ဖတ်ပူဇော်ခဲ့သည်။ တက်ရောက်လာကြသူများမှ လည်းငါးပါးသီလခံယူခဲ့ပြီး OM Mr.Glenn Wallis မှ အလှူအနေဖြင့် မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ သံဃာတော်များ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို မြန်မာယန်စီ မန်းနေဂျင်းဒါရိုက်တာ မစ်စတာ ကျန်းရီဖုန်းကိုယ်စား လက်ဆောင်များပေးအပ်ခဲ့သည် ။ အခမ်းအနားသို့တက်ရောက်လာကြသူများမှ ကျေးဇူးတင်စကားများ လက်ခံရရှိခဲ့ပြီး ကုမ္ပဏီ နှင့် အဖွဲ့အစည်းကြား တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
ယခုအခါတွင် ပတ်ဝန်းကျင် နှင့် လူမှု့ဆက်ဆံရေးစင်တာ ဖွင့်လှစ်ပြီးဖြစ်သောကြောင့် မြန်မာယန်စီ အနေဖြင့် ဆက်လက်လုပ် ဆောင်မည့် လုပ်ငန်းဆောင်တာများ ကို ကျေးရွာအဖွဲ့အစည်းများသို့ သတင်းအနေဖြင့် ပြန်ကြားပေးသွားမည်ဖြစ်ပါသည်။ မြန်မာယန်စီ PR & CSD ဌာနသည် Operation management ညွှန်ကြားမှုအောက်တွင် တည်ရှိပြီး ကျေးရွာအဖွဲ့အစည်း နှင့် ဆက်စပ်သောလုပ်ငန်များ ဖြစ်သည့် ပတ်ဝန်းကျင်ဆိုင်ရာအလုပ်များ၊ ကျေးရွာဖွံဖြိုးမှုလုပ်ငန်းများ ၊ မိုင်းပိတ်သိမ်းခြင်း နှင့် အလုပ်အကိုင် အခွင့်အလမ်းစသည့် တို့ကို ဆက်လက်သတင်းပေးသွားမည်ဖြစ်သည်။ နေ့စဉ် စနေ၊ တနင်္ဂနွေ အပါအဝင် နံနက် ( ၈ နာရီ ) မှ ညနေ (၅ နာရီ ) ရုံးချိန်အတွင်း ကြိုဆိုလျှက်ရှိပါသည်။

 

gift ceremony2

gift ceremony4

gift ceremony5

gift ceremony7

gift ceremony11

gift ceremony12

gift ceremony13
gift ceremony14

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.