ကျားတွင်းတောင်ဘုန်းကြီးကျောင်းလှူဒါန်းခြင်း

kyardwintaung 1

ရှေးယခင်က ကျားတောင်ဟု လူအများခေါ်ဆိုကြသည့် ကျားတွင်းတောင်ဘုန်းကြီးကျောင်းသည် အမှတ်(၁)ကြေးနီမိုင်း ကြေးစင်တောင် နှင့် စံပယ်တောင် စီမံကိန်းဧရိယာအတွင်းတွင် တည်ရှိပါသည်။

၂၀၁၄ ခုနှစ် တွင် လုပ်ငန်း ဧရိယာမှ ဘုန်းကြီးကျောင်းအားရွေ့ပေးရန် ဘုန်းကြီးကျောင်းဝင်း အတွင်း ကျောင်းတိုင်ဆရာတော် နှင့် သဘောတူညီခဲ့သည်။ သို့သော် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ တောင်ဆိုမှုများအရ ကျားတွင်းတောင်ဘုန်းကြီးကျောင်းအား မူလနေရာတွင် နေထိုင်ရန် ခွင့် ပြု ခဲ့ကြသည်။ ဘုန်းကြီးကျောင်းသည် မြန်မာယန်စီသတ္တု တူးဖော်သည့် အဓိကနေရာ တွင် တည်ရှိပြီး မြန်မာယန်စီအနေဖြင့် ၎င်းမှထွက်ရှိသည့် ဖုန် နှင့် ဆူညံမှုများ စသည့် အကျိုးသက်ရောက်မှုများကြောင့် များစွာစိုးရိမ်ခဲ့သည်။ ထိုအတွက်ကြောင့် မြန်မာယန်စီမှ နှင်းဆီတောင် တောင်ပေါ်တွင် ဘုန်းကြီးကျောင်းအသစ်ဆောက်လုပ်ပေးမည် ဟုတိုက်တွန်းခဲ့သော်လည်း မလိုအပ်ကြောင်းပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ဆရာတော်မှလည်း လုပ်ငန်းပြီးစီးသည့် တိုင် လုပ်ငန်းနှင့်သက်ဆိုင်သည့် အကျိုးသက်ရောက်မှုများများ သည်းခံလိမ့်မည်ဟု မိန့်ကြားခဲ့သည်။
ဒီဇင်ဘာလအတွင်း ရွှေပန်းခိုင်ကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ရွာသာကျေးရွာ လမ်းများတစ်လျှောက်တွင် မြန်မာယန်စီ သတ္တုတူးဖော်သည့် ဌာနမှ Hydro _ and Geo_physical test ဆောင်ရွက်ခဲ့သည်။ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊ CSD ကိုယ်စားလှယ်များ သည် မြန်မာယန်စီ PR & CSD ဌာနနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး မြန်မာယန်စီမှ non-intrsive test ဆောင်ရွက်ရန် အသုံးပြုမည့် လမ်များအတွက် အများဆုံးသက်ဆိုင်သည့် ကျားတွင် တောင်ဘုန်းကြီးကျောင်းအား ငွေလှူဒါန်းရန် သဘောတူညီခဲ့ကြသည်။
မြန်မာယန်စီ မန်နေဂျင်းဒါရိုက်တာ ကိုယ်စား PR & CSD ဌာန မှ ကျားတွင်းတောင်ဆရာတော်သို့ ငွေကျပ် (၁၅) သိန်း လှူဒါန်းခဲ့သည်။ ၂၀၁၈ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဆရာတော်မှ ဤငွေကျပ် လှူဒါန်းမှုကို ဝမ်းမြောက်စွာ လက်ခံခဲ့သည်။
 

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.