မြန်မာ့နှစ်သစ် လှူဒါန်းခြင်း

newyeardonation 5 thumbနှစ်သစ်ကူးအချိန်အခါသည်မြန်မာလူမျိုးတို့၏ အားလပ်ရပ်အချိန်အခါဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိ ဘာသာရေး ဆိုင်ရာပွဲတော်တစ်ခုလည်းဖြစ်ပါသည်။S&K မိုင်းsizeဒေသတွင်ရှိသော လူပုဂ္ဂိုလ်များအားလုံးသည် သက်ကြီးရွယ်အိုများ၊ သံဃာတော်များကို အတူတစ်ကွအရိုအသေပေးခြင်း၊ လှူဒါန်းမှုများ ပြုလုပ်ခြင်း၊ မြန်မာ့ရိုးစားအစားစားများကျွေးမွေးခြင်း၊ မြန်မာနိုင်ငံအနှံပြားတွင်ရှိသော စေတီပုထိုးများသို့ သွားရောက်လည်ပတ်ကြ သည်။
 
မြန်မာရိုးရာ ရေသဘင်ပွဲတော်ကာလအတွင်းတွင်၊ မြန်မာယန်စီကော့ပါးလီမိတက်၊ မြန်မာစီးပွားရေးဦးပိုင် နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီ တို့ပူးပေါင်းဆောင်ရွက်သည့် နှစ်သစ်ကူးအတွက်လှူဒါန်းခြင်း အခမ်းအနား၊ လူအများသိကြသည့် ပရိတ်တရားတော်ရွက်ဖတ်ပူဇော်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။ မြန်မာယန်စီ နှင့် မြန်မာဝမ်ပေါင်ဆိုက် နှစ်ခုစလုံး တွင်ရှိသော ပတ်ဝန်းကျင် ကျေးရွာဘုန်းကြီးကျောင်း များအတွက် စုစုပေါင်းအလှူငွေ ( ၉၃သိန်း) ကျပ်ကိုလှူဒါန်းခဲ့သည်။ ဤအခမ်း အနားကို လက်ပံတောင်းတောင်ကြားစေတီ ဘုန်းကြီးကျောင်းတွင် ၂၀၁၈ ဧပရယ်လ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည်။ မြန်မာယန်စီ နှင့် မြန်မာဝမ်ပေါင် စီမံကိန်း ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်း (၆၇) ကျောင်းရှိပါသည်။ ဤအခမ်း အနားကိုဂုဏ်ပြုသောအားဖြင့် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးကျော်သန့်နိုင်၊ ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်း၊ နှင့် မြန်မာယန်စီ၊ မြန်မာဝမ်ပေါင်၊ မြန်မာ့စီးပွားရေးဦးပိုင်မှ တာဝန်ရှိဝန်ထမ်းများ ၊ ဆက်စပ်လျှက်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ ကြသည်။
 
 
newyeardonation 2newyeardonation 6newyeardonation 4newyeardonation 1

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.