ဆည်ထန်းတောကြီး လမ်းခင်းခြင်း လုပ်ငန်း ပြီးစီးမှု

completion seihtantawgyi 1
ကုမ္ပဏီ၏ CSDအဖွဲ့မှ ဦးဆောင်သော MYTCLကော်မတီများသည် တိုက်ရိုက်ထိခိုက်ခံရသော၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်ခံနေရသော ဒေသခံကျေးရွာများမှ လူထု၏တောင်းဆိုမှုများ ဥပမာ- အဆောက်အအုံနှင့် ဆက်စပ်သည့်အရာများ ၊ လမ်း၊ ကျောင်းခြံစည်းရိုး ၊ ဘာသာရေးအဆောက်အဦးများ ပြင်ဆင်ခြင်းနှင့် မွမ်းမံခြင်းများ ၊ စာသင်ကျောင်းနှင့် စာကြည့်တိုက်တည်ဆောက်မှု နှင့် အခြား ကူညီထောက်ပံ့မှုများကိုလည်း ကျေးရွာများနှင့်ချိတ်ဆက်၍ ကူညီထောက်ပံ့လျက်ရှိသည်။ ၎င်းထောက်ပံ မှုများ အားလုံးသည် မြန်မာယန်စီ CSR/ CSD ရန်ပုံငွေမှ တိုက်ရိုက် ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။ ယခုနှစ် ၂၀၁၇-၂၀၁၈ CSR ဘက်ဂျက်တွင် ဆည်ထန်းတောကြီး ကျေးရွာမှ ကျေးရွာ တစ်လျှောက်လမ်း များ ဆက်သွယ်မှုပိုမို ကောင်းမွန်စေရန် ကျောက်လမ်းခင်းခြင်းလုပ်ငန်း မြန်မာယန်စီမှ စတင်ဆောင်ရွက် လျှက်ရှိသည်။ ယခင်ကလမ်းကိုရွာသားများက ဆောက်လုပ်ခဲ့ကြပြီး အထူးသဖြင့် မိုးရွာသီတွင် ရာသီဥတု အခြေအနေ များကြောင့်များစွာ ပျက်စီးမှုခြင်း ၊ မြေဆီလွှာတိုက် စားခြင်း တို့ကြောင့် သွားလာမှုအခက်အခဲ ဖြစ်ခဲ့သည်။ ၂၀၁၈ ဇွန်လတွင် လမ်းခင်းခြင်း လုပ်ငန်း စတင်ခဲ့ပြီး ယခု ဩဂုတ်လ တွင် လုပ်ငန်းပြီး စီးခဲ့သည်။
 
completion seihtantawgyi 2

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.