ရေကြည်ပင် CSR စတင်ဆောင်ရွက်မှု

yegyinbin school building 1

ရေကြည်ပင်ကျေးရွာ တွင် တက်ရောက်နေကြသောကျောင်းသားကျောင်းသူများ များပြားလာမှုကြောင့် ယခုတည်ရှိသော အခြေခံပညာမူလတန်းကျောင်း တွင် လုံလောက်သော စသင်ခန်းနေရာပေးနိုင်ခြင်းမရှိပါ။


ထိုအတွက်ကြောင့် ရေကြည်ပင်ကျေးရွာ ဥက္ကဌ ဦးစောရွှေမှ အသစ်ဖွဲ့စည်းထားသော ငါးဦးကော်မတီ နှင့် သဘောတူညီ ခဲ့ပြီး နှစ်စဉ်လှူးဒါန်းသည့် CSR ရန်ပုံငွေမှ ကျောင်းဆောင်အသစ်ဆောက်လုပ်လှူဒါန်းပေးရန် ကျေးရွာကိုယ်စား မြန်မာယန်စီသို့ တောင်းဆိုခဲ့သည်။
အရှည် ၈၀ ပေ နှင့် အကျယ် ပေ ၃၀ ရှိသည့် အဆောက်ဦးကို ၂၀၁၈ ဇူလိုင်လ ၁ရက်နေ့ တွင်စတင်ဆောက်လုပ် ခဲ့သည်။ ထိုစီမံကိန်းအတွက် မြန်မာယန်စီမှ တင်ဒါခေါ်ယူ၍ Naing Lin Group အား ထိုလုပ်ငန်းလုပ်ဆောင်စေခဲ့သည်။ လုပ်ငန်းများ အမြန်ဆုံးပြီးဆုံး စေရန် မြန်မာယန်စီ PR & CSD ဝန်ထမ်များ နှင့် ကျေးရွာ အုပ်ချုပ်ရေးမှုးတို့ အတူတစ်ကွ ပူးပေါင်း ဆောင်းရွက်လျက်ရှိသည်။CSD ရွေးချယ်မှုများ နောက်ကျခြင်ကြောင့် လုပ်ငန်းများရပ်တန့် မသွားစေရန် ရန် နှင့် အများပြည့်သူမှ ကျေးရွာ တစ်ခုခြင်းအတွက် ရပ်ရွာစီမံခန်းခွဲမှု့အဖွဲ့ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် CSD အဖွဲ့ဝင်များ ရွေးချယ်ပြီးသည်အထိ မြန်မာယန်စီ ဝန်ထမ်းများမှ တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။ မြန်မာယန်စီ ၂၀၁၇/၂၀၁၈ CSR/CSD ဘက်ဂျက် အလှူအနေဖြင့် steel structure ကျောင်း အဆောက်အဦး ကို ရေကြည်ပင်ကျေးရွာ တွင် ဆောက်လုပ်မည်ဖြစ်သည်။

yegyinbin school building 2
yegyinbin school building 3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.