ရွာသာကျေးရွာတွင် ကွင်းဆင်းလေ့လာခြင်း

ywatha fieldinspection 1

မြန်မာယန်စီ မှ ပညာရေး၊ ကျေးရွာဖွံဖြိုးရေး၊ ကျန်းမာရေးလုပ်ငန်းများ နှင့် အခြားသောအရာများကို ကြေးစင်တောင် စံပယ်တောင် စီမံကိန်း ဒေသအတွင်း တွင် လှူဒါန်းမှုအနေဖြင့် လုပ်ဆောင်ပေးလျှက်ရှိနေသည်။

၎င်းထောက်ပံ မှုများ အားလုံးသည် မြန်မာယန်စီနှင့် မြန့်မာ စီးပွားရေးဦးပိုင် တို့ပူးပေါင်းလှူဒါန်းသည့် CSR/ CSD ရန်ပုံငွေ မှ တိုက်ရိုက် ထောက်ပံပေးခြင်းဖြစ်သည်။ ရွာသာကျေးရွာ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့သည် မိမိတို့ကျေးရွာအတွက် ရေသန့်စက် ထားရှိရန် အဆောက်အဦး နှင့် လျှပ်စစ်မီးလိုင်းများ တိုးချဲ့ရန်အတွက် မြန်မာယန်စီ၏ ၂၀၁၇-၂၀၁၈ CSR/CSD လှုမှုဖွံ့ဖြိုးရေးလုပ်ငန်းရန်ပုံငွေ မှ လှူဒါန်းရန် အကူအညီတောင်းခဲ့ပါသည်။
၂၁၀၈- အောက်တိုဘာလ-၂၀ရက်နေ့ ရွာသာကျေးရွာတွင် ဆားလင်းကြီးမြို့နယ် ဥက္ကဌ ဒေါက်တာ ဦးအောင် မြင့်ထွန်း၊ ရွာသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်လင်း၊ ကျေးရွာ CSD ကိုယ်စားလှယ် ဦးအောင်ဇော်ထွေး နှင့် PR & CSD အဖွဲ့တို့သည် ရွာသာကျေးရွာ ရေသန့်စက် အဆောက်အဦးဆောက် လုပ်နေမှု့များ ကို ကြည့်ရှု့စစ်ဆေး ခဲ့သည်။ လုပ်ငန်းမှာ တည်ဆောက် ဆဲကာလဖြစ်ပြီး မကြာမီတွင် အောင်မြင်စွာပြီးစီး လိမ့်မည်ဖြစ်သည်။ယခု အချိန်တွင် မြန်မာယန်စီ PR & CSD ဌာနနှင့် ကျေးရွာ CSDကိုယ်စားလှယ် တို့ပူးပေါင်း လျှက် ရွာသာကျေးရွာ ၂၀၁၈-၂၀၁၉ စီမံကိန်း အဆိုပြုချက်များ ပြင်ဆင် လျှက်ရှိသည်။

ywatha fieldinspection 2

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.