ဂုဏ်တော CSR ပြီးစီးခြင်း

gondawcsr2018news 1

ဂုဏ်တောကျေးရွာသည် ကြေးစင်တောင်နှင့် စံပယ်တောင် စီမံကိန်း၏ အရှေ့မြောက် ဘက် ယမားချောင်းအနီး တွင် တည်ရှိပါသည်။


ယမားချောင်းနှင့် ချင်းတွင်းမြစ်ဆုံရာ တစ်လျှောက်တွင် နှစ်စဉ် ကျေးရွာသူ၊သားများ ၏ မြေများ တိုက်စားခံရသောကြောင့် ၂၀၁၆-၂၀၁၇ ဘက်ဂျက်မှ ဂုဏ်တောကျေးရွာအတွက် ယမားချေုာင်းဘေး ရေထိန်းနံရံ တည်ဆောက်ရန် အထူးတောင်းဆိုမှုများပြုလုပ်ခဲ့သည်။
ယခုနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် ဂုဏ်တောကျေးရွာအတွက် CSD & CSR အစီစဉ်မှ နှစ်စဉ် အလှူငွေ အမေရိကန်ဒေါ်လာ ၂၅၀၀၀ လျာထားခဲ့သည်။ ဂုဏ်တောကျေးရွာ အုပ်ချုပ်ရေးမှူး ဒေါ်လှလှဝင်းမှ ကျေးရွာ အတွက် steel structure ခန်းမ တည်ဆောက်ပေးရန် တောင်းဆိုခဲ့သည်။ မြန်မာယန်စီမှ public တင်ဒါခေါ်ယူခဲ့ရာ ကြယ်လင်းသစ် ကုမ္ပဏီမှရရှိခဲ့ပြီး ယင်းလုပ်ငန်း တာဝန်ယူတည်ဆောက်ခဲ့သည်။ တည်ဆောက်မှုလုပ်ငန်းမှာ ၂၀၁၈ ဩဂုတ်လ ၁၅ ရက်နေ့ တွင် ပြီးစီးခဲ့သည်။


gondawcsr2018news 2
gondawcsr2018news 3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.