ရေကြည်ပင်အတွက် မူလတန်းကျောင်းဆောင် လှူဒါန်းခြင်း

yegyinbin newbuilding 1

ရေကြည်ပင်ကျေးရွာ တွင် တက်ရောက်နေကြသောကျောင်းသားကျောင်းသူများ များပြားလာမှုကြောင့် ယခုတည်ရှိသော အခြေခံပညာမူလတန်းကျောင်း တွင် လုံလောက်သော စသင်ခန်းနေရာပေးနိုင်ခြင်းမရှိပါ။

 ထိုအတွက်ကြောင့် ရေကြည်ပင်ကျေးရွာ ဥက္ကဌ ဦးစောရွှေမှ အသစ်ဖွဲ့စည်းထားသော ငါးဦးကော်မတီ နှင့် သဘောတူညီ ခဲ့ပြီး နှစ်စဉ်လှူးဒါန်းသည့် CSR ရန်ပုံငွေမှ ကျောင်းဆောင်အသစ်ဆောက်လုပ်လှူဒါန်းပေးရန် ကျေးရွာကိုယ်စား မြန်မာယန်စီသို့ တောင်းဆိုခဲ့သည်။
အရှည် ၈၀ ပေ နှင့် အကျယ် ပေ ၃၀ ရှိသည့် အဆောက်ဦးကို ၂၀၁၈ ဇူလိုင်လ ၁ရက်နေ့ တွင်စတင်ဆောက်လုပ် ခဲ့သည်။ ထိုစီမံကိန်းအတွက် မြန်မာယန်စီမှ တင်ဒါခေါ်ယူ၍ Naing Lin Group အား ထိုလုပ်ငန်းလုပ်ဆောင်စေခဲ့သည်။ မြန်မာယန်စီ ၂၀၁၇/၂၀၁၈ CSR/CSD ဘက်ဂျက် အလှူအနေဖြင့် steel structure ကျောင်း အဆောက်အဦး ကို ရေကြည်ပင်ကျေးရွာ တွင် ၃.၃.၂၀၁၉ တွင်အောင်မြင်စွာ ပြီးစီးခဲ့ပြီးကုန်ကျငွေ မှာ အမေရိကန်ဒေါ်လာ$30,000.00 USD. ဖြစ်သည်။

yegyinbin newbuilding 2

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.