ရေကြည်ပင်စေတီတော် ပြုပြင်ထိန်းသိမ်းခြင်း

yegyibin pagoda renovation 1
ရေကြည်ပင်ကျေးရွာရှိ စေတီတော် သည် မြေငလျှင်ဒဏ်၊ စေတီတော်၏ တည်ဆောက်ပုံ အရည်အသွေး ၊ သက်တမ်းကြာရှည်မှု ၊ မြေပြင် အခြေအနေ ထိုကဲ့သို့ များစွာသော အကျိုးသက်ရောက်မှုများ မှ ပျက်စီးမှုများ တွေ့ကြုံပြီးဖြစ်ပါသည်။ ဇွန်လလယ်တွင် ရေကြည်ပင်ကျေးရွာ ဘုန်းကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော် မှ စေတီတော်ပျက်စီးမှု နှင့် ကွဲအက်သွားသော အက်ကြောင်းအား လာရောက်ကြည့်ရှု့လေ့လာရန် PR & CSD အသင်းသို့ အထူးဖိတ်ကြားမှုများပြု လုပ်ခဲ့ပါသည်။အဆိုပါ ပျက်ဆီးမှုသည် လွန်ခဲ့သောနှစ်အတွင်းက ယင်းဒေသတွင် ဖြစ်ပေါ်ခဲ့သော မြေငလျှင်ကြောင့်သာဖြစ်သည် ဟု မြန်မာယန်စီမှ မှတ်တမ်းများရယူခဲ့သည်။ မြန်မာယန်စီ management မှ မြေပြင်တုန်ခါမှုများ ကို စောင့်ကြည့် ပြီး နေ့စဉ် တိုင်းတာ မှုများပြုလုပ်ပြီးနောက် ပြင်းထန်စွာ မြေပြင်တုန်ခါမှု မှတ်တမ်းများတွင် အက်ကွဲကြောင်း စတင်ဖြစ်ပေါ်စေသည် အကြောင်းအရင်း မတွေ့ရှိကြောင်း မှတ်ချက်ချခဲ့ သော်လည်း မြန်မာယန်စီမှ နေ့စဉ် ဆက်လက်ဆောင်ရွက် နေသော မြေပြင် တုန်ခါမှု များကို မှတ်တမ်းတင်မည်ဖြစ်ပါသည် ။ မြန်မာနိုင်ငံတွင်း ကျေးလက်ဒေသများရှိ အဆောက်အဦးများ သည် အိန္ဒိယနိုင်ငံ နှင့် အလားတူရှိသောကြောင့် မြေပြင်တုန်ခါမှုအများဆုံး သတိပေးချက် အဆင့်ဆင့်ကို အိန္ဒိယစံချိန်စံညွှန်းအတိုင်းသတ်မှတ် ထားသည်။ မြန်မာနိုင်ငံတွင် တရားဝင်သတ်မှတ်ထားသော စံချိန်စံညွှန်းမရှိပါ။ဇွန်လ (၁၈) ရက်နေ့တွင် PR & CSD ဌာနမှုး ဦးကျော်မိုး နှင့် သူ၏ အဖွဲ့ဝင်များသည် ရေကြည်ပင်ကျေးရွာ ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ပြီး ဆရာတော် နှင့် ဆွေးနွေးခဲ့သည်။ ပျက်ဆီးမှုများ ကို သုံးသပ်ရန် ဦးကျော်မိုး နှင့် အတူ အင်ဂျင်နီယာမျာက ဆောင်ရွက်ခဲ့ပြီး တဖြည်းဖြည်း ယိုယွင်းပျက်ဆီးလာသော စေတီတော် ပြန်လည်ထိန်းသိမ်းရန် ကူညီပေးမည့် အစီစဉ် နှင့်ပတ်သတ်ပြီး မြန်မာယန်စီ management သို့ အကြံပြုခဲ့သည်။
 
yegyibin pagoda renovation 2
yegyibin pagoda renovation 3

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.