လူမှု့ကူညီရေးကားလှူဒါန်းခြင်း

venhicle donation 1
ကျေးရွာနှစ်ရွာမှ အရေးပေါ်နှင့် အခြားသောလိုအပ်ချက်များ အသုံးပြုရန် အတွက် 2018-19 CSR ဘက်ဂျက်မှ လူမှု့ကူညီရေးကား လှူဒါန်းရန် မြန်မာယန်စီသို့ တောင်းဆိုခဲ့ကြသည်။
ဝါးတန်းကျေးရွာ၊ ရွာသာကျေးရွာတို့သည် ၎င်းတို့ကျေးရွာရှိ ငါးဦးကော်မတီ နှင့်အတူ လုပ်ထုံးလုပ်နည်းအတိုင်း လူမှု့ကူညီရေးကားဝယ်ယူဆောင်ရွက်ခဲ့ကြသည်။
ဆားလင်းကြီးမြိုနယ်စီမံခန့်ခွဲမှု့ကော်မတီ နှင့်အတူ မြန်မာယန်စီ PR ဌာန နှင့် CSD ကိုယ်စားလှယ်တို့မှ ကားဝယ်ယူမှု့ ပြီးစီးကြောင်း ၂၀၁၉၊ ဩဂုတ်လ(၆) ရက်နေ့ ဆားလင်းကြီးမြို့တွင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ကျေးရွာဖွံဖြိုးတိုးတက်စေရန် နှစ်စဉ် CSR လုပ်ငန်းများ မှ များစွာ အထောက်ပံများ လက်ခံရရှိသည့် အတွက် မြန်မာယန်စီနှင့် အများနှင့်သက်ဆိုင်သော စီးပွားရေးဦးပိုင် လီမိတက်တို့ အား ဝါးတန်းကျေးရွာ နှင့် ရွာသာကျေးရွာ အုပ်ချုပ်ရေးမှူးတို့ မှ အထူးပင်ကျေးဇူးတင်ရှိခဲ့သည်။
 
venhicle donation 3
venhicle donation 2
venhicle donation 4

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.