ဝါးတန်းကျေးရွာအတွက် မူလတန်းကျောင်းဆောင်လှုဒါန်းခြင်း

school building for wadan 01

ဝါးတန်းကျေးရွာ တွင် တက်ရောက်နေကြသောကျောင်းသားကျောင်းသူများ များပြားလာမှုကြောင့် ယခုတည်ရှိသော အခြေခံပညာမူလတန်းကျောင်း တွင် လုံလောက်သော စာသင်ခန်းနေရာပေးနိုင်ခြင်းမရှိဖြစ်နေပါသည်။

ထို့အတွက်ကြောင့် ဝါးတန်းကျေးရွာမှ ကျေးရွာဥက္ကဌဦးတင်ညွှန့်မှ (၅)ဦးကော်မတီများ၊ ကျေးရွာတာဝန်ရှိသူများနှင့် စုပေါင်းတိုင်ပင်ပြီး နှစ်စဉ်လှူဒါန်းသည့် ရန်ပုံငွေမှ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းပေးရန် မြန်မာယန်စီကော့ပါးလီမီတက်နှင့် မြန်မာ့စီးပွားရေးဦးပိုင်သို့ တောင်းဆိုခဲ့ပါသည်။အရှည်(၉၀)ပေနှင့် အကျယ်(၃၀)ပေ ရှိသောကျောင်းဆောင်သစ်ကို သက်ဆိုင်ရာကျေးရွာရှိ(၅)ဦးကော်မတီမှ ၂၀၁၉ခုနှစ် မေလ(၉)ရက်နေ့တွင် တာဝန်ယူဆောက်လုပ်ခဲ့ပြီး ယခုအခါ (၅)ဦးကော်မတီ၏ ဦးဆောင်မှုနှင့် ကျေးရွာသူရွာသားများ၏ စုပေါင်းအင်အားဖြင့် ယခုအခါတွင် စာသင်ဆောင်သစ်ကြီးကို အောင်မြင်စွာဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ကျောင်းသား ကျောင်းသူများအနေဖြင့်လဲ စာသင်ကျောင်း လုံလောက်စွာဖြင့် ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ပြီဖြစ်ပါသည်။

school building for wadan 02

school building for wadan 03
school building for wadan 04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.