တည်ပင်ကန်ကျေးရွာဆည်မှ ကျေးရွာအတွင်းရေပိုက်သွယ်တန်းခြင်းနှင့်လျှပ်စစ်မီးသွယ်တန်းခြင်း

electricity pipe line telpinkan 01

လျှပ်စစ်မီးနှင့် ရေသည် ကျေးရွာဖွံ့ဖြိုးတိုးတက်ရန်အတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ တည်ပင်ကန်ကျေးရွာသည် ညောင်ပင်ကြီး-ယင်းမာပင်သွားသောလမ်းဘေးတွင်တည်ရှိကာ မြန်မာယန်စီ ကော့ပါးလီမိတက် လုပ်ကွက်နှင့်နီးသော ကျေးရွာတစ်ရွာဖြစ်ပါသည်။

တည်ပင်ကန်ကျေးရွာသည် နှစ်စဉ်နွေရာသီတွင် ရေရှားပါးသောဒဏ်ကိုခံစားရသောကြောင့် ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာရှိ (၅)ကော်မတီနှင့် ဥက္ကဌတို့ စုပေါင်းတိုင်ပင်၍ ကျေးရွာအနီးတွင် တစ်ဖက်ပိတ်ဆည်ကို ယခင်နှစ်များကပြုလုပ်ခဲ့ကြသည်။ ယခုနှစ်တွင်ထိုဆည်မှကျေးရွာအတွင်းသို့ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းနှင့် လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်းပြုလုပ်ပေးရန်အတွက် (၅)ဦးကော်မတီမှ ဦးစီး၍ (၂၀၁၈-၂၀၁၉) CSR ရန်ပုံငွေမှ ဆောင်ရွက်ပေးရန် မြန်မာယန်စီကော့ပါးလီမိတက်ကို တင်ပြတောင်းခံလာပါသည်။ မြန်မာယန်စီမှ တည်ပင်ကန်ကျေးရွာ၏ တောင်းဆိုမှု့ကို လက်ခံပြီး (၅)ဦးကော်မတီ ကိုဦးစီးဆောင်ရွက်စေခဲ့ပါသည်။ ကျေးရွာနှင့် (၅)ဦးကော်မတီတို့၏ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ကျေးရွာအတွင်း ရေပိုက်သွယ်တန်းခြင်းနှင့် လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းမှာ ပြီးစီးလုနီးပါး ဖြစ်ပါသည်။

electricity pipe line telpinkan 02

electricity pipe line telpinkan 03
electricity pipe line telpinkan 04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.