ရွှေပန်းခိုင်ကျေးရွာအတွက် မူလတန်းကျောင်းဆောင်လှုဒါန်းခြင်း

school building for shwepankhine 01

ရွှေပန်းခိုင်ကျေးရွာ တွင် တက်ရောက်နေကြသော ကျောင်းသားကျောင်းသူများ များပြားလာမှုကြောင့် ယခုတည်ရှိသော အခြေခံပညာမူလတန်းကျောင်း တွင် လုံလောက်စွာ စာသင်ခန်းနေရာပေးနိုင်ခြင်းမရှိဖြစ်နေပါသည်။

ထို့အတွက်ကြောင့် ရွှေပန်းခိုင်ကျေးရွာမှ ကျေးရွာဥက္ကဌ ဦးဇော်ဌေးနှင့် (၅)ဦးကော်မတီများ၊ ကျေးရွာရှိရပ်မိရပ်ဖများနှင့် စုပေါင်းတိုင်ပင်ပြီး နှစ်စဉ်လှူဒါန်းသည့် CSR ရန်ပုံငွေမှ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းပေးရန် မြန်မာယန်စီကော့ပါးလီမီတက်သို့ တောင်းဆိုခဲ့ပါသည်။အရှည်(၉၀)ပေနှင့် အကျယ်(၃၀)ပေ ရှိသောကျောင်းဆောင်သစ် အဆောက်အဦးကို ၂၀၁၉ခုနှစ် ဇွန်လ(၂၁)ရက်နေ့တွင် ဆောက်လုပ်စေခဲ့သည်။ ထိုအဆောက်အဦးကို (၅)ဦးကော်မတီ၏ ဦးဆောင်မှုနှင့် ကျေးရွာသူရွာသားများ၏ စုပေါင်းအင်အားဖြင့် တည်ဆောက်ခဲ့ပါသည်။ ယခုအခါတွင် မြန်မာယန်စီ၏ ၂၀၁၈-၂၀၁၉ CSD/CSR ဘတ်ဂျက် အလှူဖြစ်သော မူလတန်းကျောင်းဆောင်သစ် အဆောက်အဦးကို ရွှေပန်းခိုင်ကျေးရွာတွင် ၂၀၁၉ ဒီဇင်ဘာလတွင် အောင်မြင်စွာပြီးစီးခဲ့ပြီး ကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၂၅,၆၉၆.၂၃ ဖြစ်သည်။

school building for shwepankhine 02

school building for shwepankhine 03
school building for shwepankhine 04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.