ရွာသာရွာတွင် အားကစားကွင်းတည်ဆောက်ပေးခြင်း

sport playground 01

လူတိုင်းသက်ရှည်ကျန်းမာရန်အတွက် အားကစားပြုလုပ်ခြင်းသည် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ ရွာသာကျေးရွာသည် မြန်မာယန်စီကော့ပါးလီမီတက်အနီးတွင် တည်ရှိသောကျေးရွာတစ်ရွာဖြစ်ပါသည်။

နှစ်စဉ်လှုဒါန်းသော CSR ရန်ပုံငွေဖြင့် ကျေးရွာအတွက်လိုအပ်သော အရာများကို ဆောက်လုပ်ခဲ့ကြပါသည်။ ယခုနှစ်တွင်လဲ ရွာသာကျေးရွာအတွက် ရရှိသော ရန်ပုံငွေဖြင့် ကျန်းမာရေးနှင့် ဆက်စပ်ပစ္စည်းဝယ်ယူခြင်းလုပ်ငန်း၊ ကျေးရွာပိုင်ဘောလုံးကွင်း ဝယ်ယူခြင်းနှင့် ခြံစည်းရိုးခတ်ခြင်း လုပ်ငန်း၊ 200 KVA ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းတပ်ဆင်ခြင်း လုပ်ငန်းများပြုလုပ်ရန်အတွက် မြန်မာယန်စီသို့ တင်ပြတောင်းဆိုခဲ့ပါသည်။ လုပ်ငန်းအာလုံး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅၄,၉၄၄.၅၆ ကုန်ကျခဲ့ပါသည်။သက်ဆိုင်ရာ ကျေးရွာသူ ကျေးရွာသားများ၊ ကျေးရွာဥက္ကဌနှင့် (၅) ဦးကော်မတီတို့၏ တောင်းဆိုမှု့ဖြင့် ကျေးရွာပိုင်ဘောလုံးကွင်း ဝယ်ယူခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်းကို (၅) ဦးကော်မတီကို ဦးစီးဝယ်ယူဆောက်လုပ်စေခဲ့ပါသည်။ ယခုအခါတွင် ရွာသာကျေးရွာတွင် ကျန်းမာရေးနှင့်ဆက်စပ်ပစ္စည်းဝယ်ယူခြင်းလုပ်ငန်းမှာလဲ ဝယ်ယူပြီးစီးသလို အားကစားကွင်းကြီးမှာလဲ ပြီးစီးနေပြီဖြစ်ပါသည်။

sport playground 02

sport playground 03
sport playground 04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.