ဂုဏ်တောကျေးရွာအတွက် ဓမ္မာရုံဆောက်လုပ်လှူဒါန်းပြီးစီးခြင်း

hall 01

ဂုဏ်တောကျေးရွာသည် မြန်မာယန်စီကုမ္ပဏီ၏ မြောက်ဘက် ယမားချောင်းနှင့်ကပ်လျက်ရှိသော ကျေးရွာတစ်ခုဖြစ်ပါသည်။မြန်မာယန်စီမှ ရပ်ရွာလူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ပေးနေသော ကျေးရွာ ၁၈ရွာတွင် ၁ခုအပါအဝင်ဖြစ်သည်။ကျေးရွာစီးပွားရေးဖွံ့ဖြိုးတိုးတက် ရန်အတွက်ကျေးရွာရှိဒေသခံများအတွက်ကြီးမားသောဘတ်ဂျက်ကိုမြန်မာယန်စီမှထောက်ပံ့ပေးပါသည်။

နှစ်စဉ်ရရှိသောဘတ်ဂျက်များမှဂုဏ်တောကျေးရွာအတွက်လိုအပ်သောအရာများကိုတည်ဆောက် ခဲ့ကြပါသည်။၂၀၁၈-၂၀၁၉ဘတ်ဂျက်နှစ်တွင်လဲ ကျေးရွာရှိမွေးရှင်တော်ဘုရားကိန်းဝပ်စံပယ်တော်မူသော မွေးရှင်ကျောင်းအတွင်း ဓမ္မာရုံတည်ဆောက်ရန်အတွက် ကျေးရွာအုပ်ချူပ်ရေးမှူးနှင့်အတူ(၅)ဦးကော်မတီများ၊ကျေးရွာ တာဝန်ရှိသူများနှင့် စုပေါင်းတိုင်ပင်ပြီး နှစ်စဉ်လှုဒါန်းသည့် ရန်ပုံငွေမှ ဓမ္မာရုံဆောက်လုပ်လှုဒါန်းပေးရန် မြန်မာယန်စီကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်သို့ တောင်းဆိုခဲ့ပါသည်။ထိုတောင်းဆိုမှုအတွက် အရှည်(၆၂)ပေနှင့် အကျယ်(၄၀)ပေ ရှိသော ဓမ္မာရုံတည်ဆောက်မှု့ကို ကျေးရွာရှိ(၅)ဦးကော်မတီ၏ ဦးဆောင်မှု ရွာသူရွာသားများစုပေါင်းအင်အားဖြင့် တည်ဆောက်ခဲ့ကျရာ ယခုအခါတွင် တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ပါသည်။စုစုပေါင်း ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ ၄၂,၀၀၀,၀၀၀.၀၀ဖြစ်ပါသည်။

hall 02

hall 03
hall 04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.