ဘိန်းနွယ်ချောင် ဘုန်းကြီးကျောင်း ကြမ်းခင်းခြင်း

monastery flooring 01

ပြည်သူနှင့်ဆက်ဆံရေးဌာနဆိုသည်မှာ ဂုဏ်ပုဒ်နှင့်အညီ ကျေးရွာပြည်သူများနှင့် အပြန်အလှန်အကျိုးပြု ဆက်ဆံရသော ဌာနတစ်ခုဖြစ်ပေသည်။ မြန်မာယန်စီကြေးနီလုပ်ကွက်အတွင်း ဆက်စပ်လျက်ရှိသော ရွာပေါင်း၁၈ရွာရှိပါသည်။ဘိန်းနွယ်ချောင်ကျေးရွာသည် သတ္တုတွင်းလုပ်ငန်းများနှင့် ဝေးကွာသောနေရာတွင် တည်ရှိပြီး ကြေးစင်တောင် နှင့် စံပယ်တောင် စီမံကိန်းကြောင့် ထိခိုက်ဆုံးရှုံမှုများ မရှိပါ။ မည်သို့ပင်ဆိုစေကာမှု CSD/CSR ဖွံဖြိုးတိုးတက်မှု ဘက်ဂျက်ငွေများ ဤကျေးရွာသို့ထည့်သွင်းရန်အတွက်မြန်မာယန်စီ နှင့် မြန့်မာစီးပွားရေးဦးပိုင် လီမိတက်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

ဘိန်းနွယ်ချောင်ကျေးရွာရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း သီရိဇေယျာဘုံပျံ(၃)ထပ်ကျောင်းဆောင်တွင် ကြမ်းခင်းခြင်းလုပ်ငန်းလုပ်ဆောင်ရန်လိုအပ်လျက်ရှိပါသည်။ထိုလိုအပ်ချက်အတွက် မြန်မာယန်စီနှင့် မြန်မာဦးပိုင်မှ လှူဒါန်းငွေများမှ အသုံးပြုရန် ဘိန်းနွယ်ချောင်ကျေးရွာမှ ဆုံးဖြတ်ခဲ့ကြပါသည်။ထိုအတွက် မြန်မာယန်စီမှ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ထဲမှ စုစုပေါင်း မြန်မာကျပ်ငွေ သိန်း၁၀၀ လှူဒါန်းခဲ့ပါသည်။ကျေးရွာ(၅)ဦးကော်မတီမှ ဦးစီးလုပ်ဆောင်ခဲ့၍ ယခုအခါတွင်ပြီးစီးပြီဖြစ်ပါသည်။

monastery flooring 02

monastery flooring 03
monastery flooring 04

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.