ထနောင်းကုန်းကျေးရွာအထက်တန်းကျောင်း(ခွဲ)ခြံစည်းရိုးကာခြင်း

htanaungoneschool 01

မြန်မာယန်စီ CSD အဖွဲ့သည်ရပ်ရွာလူထုကိုယ်စားလှယ်များနှင့်တက်ကြွစွာပါဝင်ပြီး  စံပယ်တောင် ကြေးစင်တောင် စီမံကိန်းကြောင့်တိုက်ရိုက်နှင့်သွယ်ဝိုက်ထိခိုက်နိုင်သောကျေးရွာများကို ကူညီပေးလျက်ရှိပါသည်။ထနောင်းကုန်းကျေးရွာသည် စံပယ်တောင် ကြေးစင်တောင် စီမံကိန်း၏အရှေ့ဘက်ရှိ ဝေးလံသောဒေသတွင်တည်ရှိပြီး စံပယ်တောင် ကြေးစင်တောင် စီမံကိန်းမှအကျိုးသက်ရောက်မှုမရှိသော်လည်း မြန်မာယန်စီသည် CSR ဘတ်ဂျက်မှပံ့ပိုးပေးလျက်ရှိပါသည်။

ထနောင်းကုန်းကျေးရွာတွင် မိဘမဲ့ပရဟိတကျောင်းဟု လူသိများသည့် ပညာပဒေသာလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းသည်  ရတနာဘုံပြန်ကျောင်းတိုက်အတွင်းတွင် ၂၀၁၈-၂၀၁၉ CSR ဘတ်ဂျက်အတွက် ထန်းနောင်းကုန်းကျေးရွာသည် ထိုမိဘမဲ့အထက်တန်းကျောင်း(ခွဲ) ခြံစည်းရိုးအတွက် မြန်မာယန်စီသို့လှူဒါန်းရန်တောင်းဆိုခဲ့ပါသည်။ နေရာထိုင်ခင်းရှိရုံသာမက လုံခြုံစွာ ပညာသင်ကြားရန်လဲ အရေးကြီးပါသည်။ မြန်မာယန်စီသည် တင်ဒါခေါ်ယူ၍ ပြည်ကမ္ဘာကျော် ကုမ္ပဏီအား လုပ်ဆောင် စေခဲ့ရာ စုစုပေါင်းကုန်ကျငွေမှာ အမေရိကန်ဒေါ်လာ ၆၈၂၆.၃၂ ဖြစ်ပါသည်။ ထိုခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ်မေလ ၂၈ ရက်တွင်စတင်ခဲ့ပြီးယခုအောင်မြင်စွာပြီးစီးခဲ့ပြီဖြစ်ပါသည်။

htanaungoneschool 02

htanaungoneschool 03
htanaungoneschool 04

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.