ရေကြည်ပင်ကျေးရွာ CSR ပြီးစီးမှုများ

yegyibin 01

မြန်မာယန်စီ၏ ပြည်သူဆက်ဆံရေးဌာနသည် အဓိကအားဖြင့် တရားမျှတမှု၊တန်းတူညီမျှမှုနှင့် ရပ်ရွာဖွံ့ဖြိုးရေးအပေါ် အခြေခံ၍လူမှုအသိုင်းအဝိုင်းများကို တည်ဆောက်ရန်ဖြစ်ပါသည်။ မြန်မာယန်စီမှ အဓိကဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်ဆောင်ပေးရန်လိုအပ်သော ကျေးရွာ၁၈ရွာ ရှိပါသည်။

၂၀၁၈-၂၀၁၉ ခုနှစ်ဘဏ္ဍရေးနှစ်တွင် ရေကြည်ပင်ကျေးရွာသည် ကျေးရွာလိုအပ်ချက်များအရ ကျေးရွာ (၅)ဦးကော်မတီနှင့် ကျေးရွာအုပ်ချုပ်ရေးမှုးတို့မှ မြန်မာယန်စီနှင့်မြန်မာဦးပိုင်သို့ လူမှုရေးကား(၂)စီးထားရန် (၁၀၀ပေx၇၅ပေ)မြေကွက်၊ (၄၀-၂၄)ပေအဆောက်အဦးနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်း၊ ရေသန့်စက်(၂)လုံး၊ အဆောက်အဦး ၊ခြံစည်းရိုး၊ မီတာ ရေမော်တာနှင့်ရေပိုက်လိုင်းသွယ်တန်းပေးခြင်း၊ ၂၃၀ပေ အုတ်တံတိုင်းကာရံခြင်း(မြောက်)၊ ၃၄၀ပေ အုတ်တံတိုင်းကာရံခြင်း(အရှေ့)၊ ၆၆၀ပေ ချိန်းလိပ်ကာရံခြင်း(မ-န)၊ ၁၈ပေအကျယ် မုဒ်ဦးအပါတံခါးတပ်ဆင်ခြင်း၊ ကွန်ပြူတာ(၅)လုံးနှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်းတို့ကိုတောင်းဆိုခဲ့ပါသည်။ထိုတောင်းဆိုမှုအတွက် ကျေးရွာ(၅)ဦးကော်မတီမှ ဦးစီးကာဆောက်လုပ်ခဲ့ရာ ကွန်ပြူတာ(၅)လုံးနှင့် ဆက်စပ်ပစ္စည်းဝယ်ယူခြင်းမှလွဲ၍ ကျန်လုပ်ငန်းများမှာပြီးစီးသွားပြီဖြစ်ပါသည်။ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄၉,၅၀၉.၉၈ဖြစ်ပါသည်။မြန်မာယန်စီမှလဲ ထိုကဲ့သို့ကျေးရွာဖွံ့ဖြိုးရေးအတွက် ပြုလုပ်ပေးရသည့်အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

yegyibin 02

yegyibin 03
yegyibin 04

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.