လက်ဆင့်ကမ်းအမွေ

ကြေးစင်တောင်၊စံပယ်တောင်နှင့် လက်ပံတောင်းတောင် အမွေအနှစ်
 

babybrakingdeer

ကြေးနီသတ္တုတွင်း တူးဖော်ခြင်း လုပ်ငန်းကို မုံရွာ စီမံကိန်းနယ်မြေဒေသအတွင်း ရာစုနှစ်များစွာ သိရှိထားကြ သည်။ ဗုဒ္ဓဘာသာဝင်များသည် ဓါတ်တိုးသတ္တုမှ ကြေးနီသတ္တု ထုတ်ယူခဲ့ပြီး စံပယ်တောင် ပတ်ဝန်းကျင် ကျေးရွာ အချိူ့တွင် သတ္တုချော်ရည် အကြွင်းအကျန်များဖြင့် ကြေးနီထုတ်လုပ်သည့် နည်းစဉ်သည် ထင်ရှားလာခဲ့သည်။ ၁၉၅၀ ခုနှစ် နှစ်လည်လောက်တွင် မြန်မာဘူမိဗေဒဌာနနှင့် ယူရိုမှ Survey အဖွဲ့တို့သည် ထိုနယ်မြေသို့ သွားရောက် ကြည့်ရှုပြီး နောက်ထပ်လေ့လာမှု ပြုလုပ်ရန်ထောက်ခံခဲ့သည်။ ၁၉၇၂ မှ ၁၉၇၅ အထိ ဂျပန်စက်မှုလက်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သော ကိုယ်စားလှယ်အဖွဲ့မှ လေ့လာရေးခရီးအစီအစဉ်နှင့် Pilot Plant လေ့လာမှုများ လုပ်ဆောင်နိုင်ရန် ငွေကြေးထောက်ပံ့မှုများ ပေးခဲ့သည်။ အစုစပ်လုပ်ငန်း၏ အကြွင်းအကျန်များကို ကြေးစင်တောင်၏ မြောက်ဘက်တွင် အမျိုးမျိုးသောကြိတ်ခွဲလုပ်ငန်းများ တည်ထောင်ခဲ့ခြင်း၊ စွန့်ပစ်ကျောက်သားဧရိယာနှင့် စွန့်ပစ် မြေစာကန်များတွင် တွေ့နိုင်သည်။ ၁၉၇၈ ခုနှစ် ဇွန်လတွင် ME 1 နှင့် Bor Copper Institute Yugo တို့ စံပယ်တောင်နှင့် ကြေးစင်တောင်ဖွံ့ဖြိုးမှုအတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ထိုအစီအစဉ်ကို Yugo အစိုးရက တစ်စိတ်တစ်ပိုင်း ငွေကြေးထောက်ပံ့ခဲ့သည်။ လက်ရှိ site ထဲတွင် အဆောက်အဦး ပစ္စည်းအများစုသည် Yugo များမှပုံစံရေးဆွဲပြီး တည်ဆောက်ထားပေးခဲ့သည်။ (လက်ရှိ mine pit များ၊ crushing plant, ore conveyor system, flotation complex, lime kiln နှင့် tailing pond)။ မိုင်းမြို့ကို သတ္တုတွင်းလုပ်သားများနှင့် ၄င်းတို့၏မိသားစုများ နေထိုင်နိုင်ရန် တည်ဆောက်ပေးခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ME 1 မှကြေးနီသတ္တုကြိုချက် စက်ရုံကိုစတင်တည်ဆောက်ခဲ့သည်။ ဤကြေးနီသတ္တုကြိုချက် ထုတ်လုပ်သည့်စနစ်သည် ခိုင်မာဖြစ်ထွန်းသော အကျိုးသက်ရောက်မှု မရရှိခဲ့ပါ။

snowy falls

IMHL နှင့် ဖက်စက်လုပ်ငန်း လုပ်ဆောင်စဉ်ကတည်းက လုပ်ငန်းခွင် စူးစမ်းစစ်ဆေးခြင်းအဖြစ် ပထဝီ အနေအထား စူးစမ်း ရှာဖွေခြင်း၊ မြေမျက်နှာသွင်ပြင် တိုင်းတာခြင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အကဲဖြတ်ခြင်း လုပ်ဆောင်မှုများကို စတင်လုပ်ဆောင်ခဲ့သည်။ ဤမှတ်တမ်းမှ အချက်အလက်များသည် ၁၉၉၄၊ နိုဝင်ဘာလမှ ၁၉၉၅၊ နိုဝင်ဘာလအတွင်း လုပ်ငန်းခွင် လှည့်လည်ခြင်းမှ များစွာရရှိခဲ့သည်။ လုပ်ငန်းခွင် လှည့်လည်လေ့လာခြင်းတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နမူနာကောက်ရာတွင် အသေးစိတ် ကင်းထောက်ကြည့်ရှုခြင်း၊ တည်ရှိသော လုပ်ငန်းခွင် အနေအထားကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ခြင်း၊ ဒေသခံနှင့် တိုင်းနယ်ပြည်နယ် ပညာရှင်ကြီးများ၊ အစိုးရ အရာရှိကြီးများထံမှ အချက်အလက်များ စုစည်းခြင်းများကိုသာ ခွင့်ပြုခဲ့သည်။

Strategy Report 2019-2020

 

MYTCL Logo Footter

Please publish modules in offcanvas position.