ပတ်ဝန်းကျင်ရေးရာ

ဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံကြီးကြပ်အုပ်ချုပ်ခြင်း

mytcl environmental system

သဘာဝပတ်ဝန်းကျင်၏လက်ရှိ အခြေအနေနှင့် သဘာဝအရင်းအမြစ်များ ကိုထိန်းသိမ်းရန်
သဘာဝပတ်ဝန်းကျင်းပြောင်းလဲမှု၏ အကြောင်းအရင်းကို လေ့လာစောင့်ကြည့်ရန်
သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးလာခြင်း၏ အကျိုးသက်ရောက်မှုကို လျော့ပါးသက်သာစေရန်

စံပယ်တောင်၊ကြေးစင်တောင်စီမံကိန်းသည် လွန်ခဲ့သည့် ၅ နှစ်ကျော်မှစ၍ လူမှုရေးဆိုင်ရာတာဝန်ယူမှုများ၊ စီးပွားရေးအောင်မြင်မှုနှင့် သဘာဝပတ်ဝန်းကျင်တန်ဖိုး တို့ကို ဆက်လက်၍ ရေရှည်တည်တံ့စေရန်မျှတစွာ ထိန်းသိမ်းလုပ်ဆောင်လျှက်ရှိသည်။ MYTCL သည် သတ္တုတူးဖော်ရေးလုပ်ကွက်များနှင့်တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ အကျိုးသက်ရောက်ထိခိုက်စေနိုင်သော ကျေးရွာများနှင့် ဆက်ဆံရေးပို၍ တိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင်နေပါသည်။ ထိုကဲ့သို့ ကုမ္ပဏီနှင့်ဆက်ဆံရေးအပြန်အလှန် ရေရှည်တည်တံ့ခိုင်မြဲစေခြင်းသည် အနာဂတ်အောင်မြင်မှုအတွက် အဓိကဖြစ်သည်။

MYTCL ၏ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်
သဘာပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများနှင့် ရည်မှန်းချက်များတင်ပြထားမှုနှင့်အတူ S&K စီမံကိန်း၏ မှတ်တမ်း မှတ်ရာများ၊ စောင့်ကြည့်လေ့လာ၍လိုက်နာဆောင်ရွက်ခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှု စနစ် (EMS) ကိုလုပ်ငန်းလည်ပတ်မှုဆိုင်ရာစီမံခန့်ခွဲမှုတွင်ပေါင်းစည်းထားပါသည်။ ဤလိုက်နာဆောင်ရွက် ခြင်းကို MYTCL ၏ SGSအသိအမှတ်ပြုမှုတို့ဖြင့်လုပ်ဆောင်ပြပြီးဖြစ်ပါသည်။ လက်ရှိ EMS သည် MYTCL မှ ပတ်ဝန်းကျင်ဆိုင်ရာအစီအမံကိုဆက်လက်တည်ဆောက်ရန်နှင့် လုပ်ငန်းလည်ပတ်မှုကြောင့် ပတ်ဝန်း ကျင် ထိခိုက်မှုများကိုစဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာသွားရန်ဖြစ်ပါသည်။

S&K စီမံကိန်းတွင်ပတ်ဝန်းကျင်ဆိုင်ရာအဓိကထုတ်ပြန်ချက် (၄) ချက်ကိုအမျိုးအစားခွဲခြားသတ်မှတ်ပြီးဖြစ် ပါသည်။

၁။ အက်စစ်ဖြစ်ထွန်းသောကျောက်နှင့် သတ္တုကျောက်ရေမြောင်း (ဟင်းလင်းပွင့်သတ္တုတွင်းနံရံနှင့် စွန့်ပစ်မြေစာပုံများမှထုတ်လွှတ်နိုင်ဖွယ်ရှိ)
၂။ အန္တရာယ်ဖြစ်စေသောပစ္စည်းများ (Hydrocarbon ပစ္စည်းများ၊ ကန့်ငရဲမီးနှင့် သတ္တုထုတ်စက်ရုံမှ စွန့်ပစ်ဓာတ်ဆေးများ)
၃။ မြေအနေအထားအပြောင်းအလဲဖြစ်ခြင်း (တိုးချဲ့လုပ်ငန်းများကြောင့် မြေအနေအထား အပြောင်းအလဲ ဖြစ်ခြင်း)
၄။ နည်းစဉ်တွင်ပြန်သုံးမရသောစွန့်ပစ်ပစ္စည်းများ (အမှိုက်၊ စက္ကူနှင့် ပလပ်စတစ်များ၊ ရာဘာပစ္စည်း နှင့် ဘက်ထရီအိုးအဟောင်းများ)
ISO စံချိန်စံညွှန်း ISO 14001:2015 နှင့်အညီလိုက်နာပြည့်မီမှုရှိစေရန်အလို့ဌာ EMS စနစ်တစ်ခုလုံးကို အောက်ပါလမ်းစဉ်များအတိုင်းနည်းလမ်းတကျအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။
• အထက်ဖော်ပြပါနှင့်ထိုထက်ပိုသည့် အမျိုးအစားခွဲခြားထားသည့် ထုတ်ပြန်ချက်များကို ထိန်းချုပ်ရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုအစီအမံများ (EMP) ကိုတည်ဆောက်ထားပြီးဖြစ်ပါသည်။ ယင်းအစီအမံများသည်ဖြစ်နိုင်ခြေရှိသောသဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကိုထိရောက်စွာစောင့်ကြည့်လေ့လာသွားပါမည်။
• အစီရင်ခံတင်ပြလာသောတွေ့ရှိချက်နှင့် ဖြစ်ပေါ်လာသည့် လမ်းကြောင်းများအတွက် ရလဒ်များကို သုံးသပ်ခြင်းနှင့် လိုအပ်ပါကပြုပြင်ဆောင်ရွက်ရန် အတိုင်းအတာများကို အကောင်အထည် ဖော်သွား ပါသည်။
• EMP များအပေါ်အခြေခံ၍အသေးစိတ်ပတ်ဝန်းကျင်ဆိုင်ရာထိန်းချုပ်မှုလုပ်ငန်းစဉ်များကို ဖော်ထုတ် အကောင်အထည်ဖော်သွားပြီးဖြစ်သည်။
• ပတ်ဝန်းကျင်ဆိုင်ရာအရေးပေါ်တုန့်ပြန်ဆောင်ရွက်သည့် စီမံချက်တစ်ရပ်ကို တည်ဆောက်ပြီး လုပ်သားဝန်ထမ်းများနှင့် ဌာနအားလုံးကိုအခြေခံသင်တန်းပေး၍ လေ့ကျင့်ပျိုးထောင် ပေးသွားပြီး ဖြစ်သည်။
• MYTCL ၏စီမံကိန်းအသစ်များတွင် ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်ဆန်းစစ်ခြင်းများကို လုပ်ဆောင်ရ ပါသည်။
• နည်းပညာလွှဲပြောင်းပေးရသည့်အစီအမံတစ်ရပ်ကိုထုတ်ဖော်ပြီးသတ္တုတွင်းဒေသအတွင်းနှင့် ပြင်ပတို့ တွင်ပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးသင်တန်းကိုဆောင်ရွက်ထားဆဲဖြစ်ပါသည်။
• မည်သည့်ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုမျိုးမဆိုဝန်ထမ်းအားလုံးသည် လျင်လျင်မြန်မြန် ထိထိရောက် ရောက် တုန့်ပြန်ဆောင်ရွက်နိုင်ရန်သင်တန်းပေးရပါသည်။
• ပတ်ဝန်းကျင်ဆိုင်ရာမှတ်တမ်းမှတ်ရာများကိုအရည်အသွေးမြှင့်ထားပါသည်။ မှတ်တမ်းမှတ်ရာများကို သေချာစွာသိမ်းဆည်းထားပြီး၊ ကောင်းစွာထိန်းသိမ်း၍ အလွယ်တကူ ရယူနိုင်အောင်လည်းထားသို ထားပါသည်။ အဆက်မြတ်တိုးတက်အောင်မြင်နေစေရန် မှတ်တမ်းမှတ်ရာများကို ပြန်လည်သုံးသပ် စီစစ်ခြင်း နှင့် အချိန်နှင့်တပြေးညီကိုက်ညီအောင်ပြုစုထားပါသည်။

လေးစားလိုက်နာခြင်းနှင့် တတိယအဖွဲ့အစည်းမှအတည်ပြုခြင်း
ကမ္ဘာအဆင့်အတန်းမီသတ္တုတွင်းတစ်ခုအနေဖြင့် ဂုဏ်သိက္ခာထိန်းထားနိုင်ရာလေအောင် S&K စီမံကိန်း သည် ပုံမှန်လုပ်ငန်းစစ်ဆေးခြင်းများလုပ်ဆောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစနစ်၏ ထိရောက်မှုကို စောင့်ကြည့်မှတ်သားထားပြီးဖြစ်ပါသည်။ ဩစတေးလျနိုင်ငံ၊ စင်္ကာပူနိုင်ငံနှင့် ယိုးဒယားနိုင်ငံတို့မှ SGS လုပ် ငန်းစစ်ဆေးသူများသည် နှစ်စဉ်နှစ်တိုင်းတွင် နှစ်လည်နှင့် နှစ်ဆုံးတိုင်း ISO 9001, OHSAS 18001 နှင့် ISO 14001 အသိအမှတ်ပြုလက်မှတ်များအတွက်MYTCL ၏လုပ်ငန်းလည်ပတ်မှုကို စစ်ဆေးခြင်း လုပ်ဆောင်ပါသည်။ ၂၀၁၆ ခုနှစ်ဇူလိုင်လတွင် SGS အသိအမှတ်ပြုလက်မှတ် (၃) စောင်ကို ၂၀၁၈-၂ဝ၁၉ အထိပြန်လည်သက်တမ်းတိုးမြှင့်ခဲ့ပြီးဖြစ်ပါသည်။ SGS မှသင်တန်းဆရာများ၏ အသိအမှတ်ပြုလုပ်ငန်း စစ်သင်တန်းပြီးဆုံးကြောင်းလက်မှတ်ရရှိထားသော MYTCL မှဝန်ထမ်းတို့ဖြင့် ဖွဲ့စည်းထားသည့် အတွင်း လုပ်ငန်းစစ်အဖွဲ့များမှ သုံးလတစ်ကြိမ်ဌာနတွင်းလုပ်ငန်းစစ်ဆေးခြင်းကိုပြီးစီးအောင် တာဝန်ယူလုပ်ဆောင် သွားရပါသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုအတွက်စီမံခန့်ခွဲမှုအစီအစဉ်များ
ထိန်းထားနိုင်မှုနှင့် စဉ်ဆက်မပြတ်တိုးတက်လာခြင်းနှစ်ခုစလုံးအားအောင်မြင်မှုရရန် လိုအပ်မှုသည် MYTCL ၏ရွေးထုတ်ထားသောအခွင့်အရေးများဆိုင်ရာကိစ္စရပ်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများ၊ ရည်မှန်းချက်များ၊ သတ်မှတ်ချက်များအရအသိအမှတ်ပြုသဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ်၏ တည်ရှိဆဲသဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ဆောင်မှုများကို MYTCL မှ ထပ်တလဲလဲတန်ဖိုးချင့်တွက်ခြင်းပင် ဖြစ်ပါသည်။
ထို့အပြင် နိစ္စဓူဝခြေခြေမြစ်မြစ်ရှိသောဖွံ့ဖြိုးတိုးတက်မှုရရှိလေအောင် ဖြစ်ရပ်၏ပင်မအကြောင်းအရင်း၊ စည်းမျဉ်းစည်းကမ်းနှင့်ကိုက်ညီမှုမရှိရသည့်အကြောင်းများနှင့် အားပျော့ဟာကွက်များကိုစူးစမ်းစီစစ်၍ လည်းကောင်း၊ ပြုပြင်ပေးခြင်းနှင့် ကြိုတင်ကာကွယ်ပေးခြင်းတို့အတွက် စီမံချက်တစ်ရပ်ကို အထူးထူး အပြားပြားသောသတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ကိုက်ညီအောင် စိတ်အားထက်သန်စွာ ဆောင်ရွက် သွားရန်ကိုလည်းဖော် ထုတ်၍ အကောင်အထည်ဖော်သွားရန်လည်းကောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင် ရည်ကိုခွဲခြမ်းစိတ်ဖြာ ၍တိုးတက်အောင်ဆောင်ရွက်ရပါမည်။
MYTCL မှပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲရမည့် ပင်မဧရိယာ (ရ)ခုကိုစီစစ်သုံးသပ်ထားပါသည်။ ယင်းတို့မှာ - လေ၊ ရေ၊ စွမ်းအင်၊ စွန့်ပစ်ပစ္စည်း၊ မြေယာ၊ သတ္တဝါမျိုးရင်းစိတ် အမျိုးအစားများနှင့် လိုက်နာဆောင်ရွက် ခြင်းတို့ဖြစ်ပြီးမတော်တဆမှုအစီရင်ခံတင်ပြရာတွင် ယင်းအချက်များပါဝင်ပါသည်။ စွမ်းဆောင်ရည် အညွန်းကိန်းသော့ချက် (KPI) အားတိုးတက်အောင်ဆောင်ရွက်ရမည့်နေရာများတွင် အဆုံးအဖြတ်ပေးရန် အသုံးပြုပါသည်။ ဤစွမ်းဆောင်ရည်အညွှန်းကိန်းသော့ချက်များကိုပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းစောင့် ရှောက်ရမည့်လုပ်ငန်းများအောင်မြင်မှုအတွက် MYTCL တွင်တန်ဖိုးချင့်တွက်ရန်အသုံးပြုပါသည်။ ဧရိယာတစ်ခု ချင်းစီကိုပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းစောင့်ရှောက်ရန်အဓိပ္ပါယ်သတ်မှတ်၍ ကမ္ဘာလုံး ဆိုင်ရာအတိုင်းအတာ ဖြင့်စီမံဆောင်ရွက်ရန်သတ်မှတ်ထားပါသည်။


မြန်မာယန်စီကော့ပါးလီမီတတ်၏အဓိကလုပ်ဆောင်မှုညွှန်ပြချက်များကိုအကဲဖြတ်ဆန်းစစ်ရာတွင် အဆင့် (၃)ဆင့်ရှိပါသည်။

• သဘာဝအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်တို့၏ တည်ရှိနေသော အနေအထားအတိုင်း ကာကွယ် ထိန်းသိမ်းရန်။
• ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှု အကြောင်းရင်းများကိုစောင့်ကြပ်ကြည့်ရှုရန်။
• ပတ်ဝန်းကျင်ဆိုင်ရာပျက်သုဉ်းခြင်း၏ထိခိုက်မှုများလျော့ကျစေရန်။
 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.