ထိန်းထားနိုင်သောအကျိုးပြုဖွံ့ဖြိုးတိုးတက်မှု

ထိန်းထားနိုင်သောအကျိုးပြုဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အဘယ့်အရာနည်း။

 

အနာဂတ်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ စီးပွားရေးဆို်င်ရာနှင့် လူမှုရေးဆိုင်ရာ ချမ်းသာသုခ

 
ထိန်းထားနိုင်သောဖွံ့ဖြိုးတိုးတက်မှုကို အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ဆိုကြပါသည်။ သို့သော် အများဆုံး သိထား ကြသော အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ Brundtland Report ဟုလည်း လူသိများသော Our Common Future မှ ဖြစ်ပါသည်။
အနာဂတ်မျိုးဆက်သစ်များ၏ စွမ်းဆောင်နိုင်မှုသည် ယင်းတို့၏ လိုအပ်ချက်များကို ရရှိနိုင်သည်ကို ထည့်မတွက်ဘဲ လတ်တလောလိုအပ် ချက်များကို ဖြည့်ဆည်းပေးခြင်းသည်သာ ထိန်းထားနိုင်သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပါသည်။ ၄င်းဖွံ့ဖြိုးမှုတွင် အောက်ပါ အဓိက အချက်(၂)ချက် ပါဝင်ပါသည်။
လိုအပ်ချက်များ။ ကမ္ဘာကြီး ဆုတ်ယုတ်မှု၏ မရှိမဖြစ် လိုအပ်ချက်များကို ကျော်လွှားသွားရန် ဦး စားပေးဆောင်ရွက်ပေးခြင်း၊
ကန့်သတ်ချက်များ။ ထိန်းထားနိုင်သော ဖွံ့ဖြိုးတိုးတက်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အားလုံးသည် ကမ္ဘာကြီးအား “နေရာ၊ အချိန် ကာလတို့နှင့်ဆက်နွယ်နေသော စနစ်” တစ်ခုအနေဖြင့် မြင်ရန် ဖြစ်ပါသည်။
ကမ္ဘာကြီးအားနေရာသတ်မှတ်မှု စနစ်တစ်ခုအဖြစ်ပြောင်းလဲစဉ်းစားကြည့်လျှင် မြောက်အမေရိကတိုက်တွင်လေထုညစ်ညမ်းနေပါက အာရှတိုက် ၏လေထု ညကိုလည်း ထိခိုက်စေနိုင်သလို အာဂျင်တီးနားတွင် ပိုးသတ်ဆေး ပက်ဖျန်းခြင်းသည် ဩစတြေးလျနိုင်ငံ ကမ်းလွန်ရှိ ငါးအုပ်စုများကို ထိခိုက်စေမည်ဟု သင်သိရှိ နားလည် လာ ပါမည်။
ကမ္ဘာကြီးအားအချိန်သတ်မှတ်မှု စနစ်တစ်ခုအဖြစ် ပြောင်းလဲစဉ်းစားကြည့်မည်ဆိုပါလျှင် ကျွန်ပ်တို့ဘိုးဘွားများ မြေယာထွန်ယက်စိုက်ပျိုး ခဲ့မှုသည် ယနေ့စိုက်ပျိုး ထွန်ယက်သည့် အလေ့အကျင့်များအပေါ် ဆက်လက်အကျိုးသက်ရောက်မှုရှိနေသလို ယနေ့ ကျွန်ပ်တို့ အတည်ပြုလုပ်ဆောင်နေသည့် စီးပွားရေးဆိုင်ရာမူဝါဒများ သည်လည်း ကျွန်ပ်တို့၏ သားစဉ်မြေးဆက်များ ကြီးပြင်းလာသည့်အခါ မြို့ပြဆင်းရဲမွဲတေမှုအပေါ် ထိခိုက် စေ နိုင်ပါသည်။
ဘဝတစ်ခု၏ အရည်အသွေးကိုလည်း စံနစ်တစ်ခုအနေဖြင့် နားလည်ထားရပါမည်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ နေခြင်းသည် ကောင်းမွန်သည်ဟု ယူဆရသော်လည်း ဆင်းရဲမွဲတေလျက် ပညာသင်ကြားနိုင်မှု မရှိခဲ့လျှင်သော်လည်းကောင်း၊ ဝင်ငွေအလုံအလောက်ရှိနေခြင်း သည်ကာင်းမွန်သည်ဟု ယူဆရသော်လည်း သင့်ပတ်ဝန်းကျင် သန့်ရှင်းမှု မရှိခဲ့လျှင်သော်လည်းကောင်း၊ ဘာသာရေးယုံကြည်မှု လွတ်လပ်ခွင့်ရှိခြင်းသည် ကောင်းမွန်သည်ဟု ယူဆရသော်လည်း သင့်မိသားစုအား ဝလင်အောင် မကျွေးမွေးမပြုစုနိုင်လျှင်လည်းကောင်း သင့် ၏ ဘ၀ သာယာဆိုပြေပါမည်လား။
ထိန်းထားနိုင်သောဖွံ့ဖြိုးတိုးတက်မှုဆိုသည့်အမြင်သည် ထိုထိုသော စနစ် တွေးခေါ်မှုများ၏ အဓိက အကြောင်းရင်းပင် ဖြစ်သည်။ ယင်းအချက်များသည် ကျွန်ပ်တို့ကမ္ဘာနှင့် ကျွန်ပ်တို့အား ကူညီပံပိုးနေပါသည်။ကျွန်ပ်တို့ ကြုံတွေ့ရင်ဆိုင်နေရသောပြသာနာများသည် ရှုတ်ထွေးပြင်းထန်ပါသည်။ ကျွန်ပ်တို့ဖန်တီးခဲ့သော ပြသာနာများသည် ကျွန်ပ်တို့နှင့် ဆက်နွယ်မနေနိုင်သော်လည်း ကျွန်ပ်တို့နှင့် ပါဝင်ပက်သက်နေနိုင်ပါသည်။
 
စဉ်ဆက်မပြတ်ရေရှည်တည်တံ့ခိုင့်မြဲသော လူနေမှုအဖွဲ့အစည်းများ တည်ထောင် ပေါ်ပေါက်လာ စေရေး အတွက်လိုအပ်မှုများ
 
စဉ်ဆက်မပြတ်ရေရှည်တည်တံ့ခိုင့်မြဲသော လူနေမှုအဖွဲ့အစည်းများ တည်ထောင် ပေါ်ပေါက်လာစေခြင်းဖြင့် လူသားတို့၏ အရေးပေါ်ပြသနာများအတွက် အခြေခံ လိုအပ်ချက် တရပ်ကိုဖြည့်ဆည်းဖြေရှင်းပေးရာရောက်ပါသည်။ အမှန်တကယ်အားဖြင့် လူသားအဖွဲ့အစည်းများ တည်ရှိနေနိုင်ခြင်းမှ တစ်ကမ္ဘာလုံးနှင့်သက်ဆိုင် သည့် ပြောင်းလဲနေသော လူနေမှုပေါင်းသင်း ဆက်ဆံရေးနှင့် ပါတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို မှန်ကန်စွာ တည်တံခိုင်မြဲအောင် တည်ဆောက်နိုင်ရေးပေါ် တွင်မှီ လျှက်ရှိပါသည်။ လူနေမှုပေါင်းသင်းဆက်ဆံရေး ကိစ္စရပ်များသည် လူတဦးချင်းအရဖြစ်စေ၊ မိသားစုများအလိုက်ဖြစ်စေ၊ မျိုးနွယ်စု များအလိုက်ဖြစ်စေ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များပေါ်တွင် ဆက်သွယ်မှီငြမ်း ပြုလျှက် ကျိုးကြောင်းဆိုင်ရာများမှာ ဆက်စပ် နေပါသည်။ စဉ်ဆက်မပြတ်ရေရှည် တည်တံ့ခိုင့်မြဲသော လူနေမှုအဖွဲ့ အစည်းများသည် လူသားတို့၏ အခြေခံ လိုအပ်ချက်ဖြစ်ကြောင်း သိသာထင်ရှားစွာ ပေါ်ပေါက်လာနေပြီဖြစ်သည်။ ထိုကဲသို့ စဉ်ဆက်မပြတ် ရေရှည်တည်တန့်ခိုင်မြဲသော အဖွဲ့အစည်းများမရှိသောအခါ လူသားတို့၏ဘဝသည် တည်ငြိမ်မှန်ကန် မှုမရှိတော့ဘဲ ထိခိုက်နစ်နာစေမှုများနှင့် မိမိတို့ကိုယ်တိုင် ပျက်စီးဖြစ်တတ်ပါသည်။
စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များမှာလူမှုအဖွဲ့အစည်းအတွင်း ဆက်သွယ်ဖြစ် ပေါ်နေ မှုအ ကြောင်း တရားများကို နားလည်သဘောပေါက်ခြင်း သည်ကမ္ဘာပေါ်ရှိ လူသားများ၊ လူနေမှုအဖွဲ့ အစည်းများ ဆက်လက် ရှင်သန်စေရေးအတွက် အလွန်အရေးပါသော အကြောင်းတရားတရပ်ဖြစ်ပါသည်။ လူမှုရေးအဖွဲ့အစည်းများ၏မှန်ကန်စွာတွေးခေါ်မျှော်မြင်မှု၊ ဆုံးဖြတ်နိုင်မှုတို့သည် လူသားများ၏ ကောင်းကျိုး အတွက် အလွန်အရေးပါထိရောက်သကဲ့သို့ လူနေမှုအဖွဲ့အစည်းများသည်လည်း လူသားများနှင့်စုဖွဲ့စည်း ထားရပါသည်။ လူမှုရေးအဖွဲ့အစည်းများတွင် ပါဝင်သော လူသားတဦးချင်းအနေဖြင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှု၊ စိတ်ပိုင်းဆိုင်ရာစွဲလမ်းမှု၊ လိင်ပိုင်းဆိုင်ရာအလွဲသုံးစွဲခြင်းခံရမှု၊ စသောဒဏ်ရာဒဏ် ချက်များကြာင့် မှန်ကန်စွာတွေးခေါ်မျှော်မြင်နိုင်စွမ်းမရှိတော့ဘဲ ရုန်းကန်လှုပ်ရှားနေရလျင် ၄င်းလူမှုရေးအဖွဲ့ အစည်း များ၏ တိုးတက်ဖြစ်ထွန်းနိုင်သော အလားအလာကိုနောက်ပြန် ဆွဲထား သကဲ့သို့ ဖြစ်နိုင်ပါသည်။
လူမှုရေးအဖွဲ့အစည်းများ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လူနေမှုဒုက္ခများကုစားနိုင်ရေးနှင့် လူနေမှု အဖွဲ့ အစည်း များ၏ဖြစ်ပေါ်တိုးတက်ရေး ကိစ္စရပ် တို့မှာ ငှက်တစ်ကောင်၏တောင်ပံနှစ်ဆက်ကဲ့သို့ဒွန်တွဲပါရှိပြီး လိုအပ်နေသောအရာများဖြစ်ပါသည်။
 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.