Myanmar Yang Tse Copper Mine | MYTCL | လက်ရှိကြေးစင်တောင်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ထိစပ်လျှက်ရှိသော ၀န်းကျင်ဒေသ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း

PDFPrint

လက်ရှိကြေးစင်တောင်ထုတ်လုပ်ရေးလုပ်ငန်းနှင့် ထိစပ်လျှက်ရှိသော ၀န်းကျင်ဒေသ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း

နောက်ဆုံးရသတင်းများ

benefits-road-mmwebsiteယခုရက်ပိုင်းအချိန်တွင် Social Media များမှ ဖော်ပြထားသော မြန်မာယန်စီကော့ပါးလီမိတက်သည် စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်၊ ကနီနှင့် ဆားလင်းကြီးမြို့နယ်ဝန်းကျင်ဒေသတွင် ကြေးနီနှင့်ဆက်စပ်သတ္တုများ စမ်သပ်ရှာဖွေ လျှောက် ထားခြင်းနှင့် ပတ်သက်သည့် ကိစ္စအား အစိုးရမှ အတည်ပြုခွင့်ပြုချက်ရမည်ဆိုပါက အောက်ပါအတိုင်း အကျိုး ဖြစ် ထွန်းမှုများ ရှိလာနိုင်မည်ဖြစ်ပါသည်။


(က) ဒေသခံများအတွက် ပိုမိုများပြားသော အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီး ဖော်ဆောင် ပေးနိုင်ခြင်း။
ရှာဖွေရေးနှင့် စမ်းသပ်တိုင်းတာရေးလုပ်ငန်းများကို မြန်မာနိုင်ငံမှ ဘူမိဗေဒ ပညာရှင်များ၊ တရုတ်နိုင်ငံမှ ဘူမိဗေဒ ပညာရှင်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လိုအပ်သော အခြေခံအဆင့် လုပ်သားများကို ဒေသခံများ ငှားရမ်း၍ ဆောင် ရွက်သွားမည်ဖြစ်ပါသည်။

(ခ) ဘေးပတ်ဝန်းကျင်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အဆက်မပြတ် ထောက်ပံ့မှုများပေးနိုင်ခြင်း။
စမ်းသပ်တိုင်းတာရေးဆောင်ရွက်စဉ် ထိစပ်သည့် ကျေးရွာအ၀င်လမ်းများ ပြုပြင်ပေးခြင်း၊ စာသင်ကျောင်းများ လိုအပ်သလို ပံ့ပိုးလှူဒါန်းပေးခြင်း၊ သုံးစွဲမည့်ယာဉ်နှင့် စက်များကို ဒေသတွင်းမှ ငှားရမ်းသုံးစွဲခြင်းဖြင့် ဘေးပတ် ၀န်းကျင် ဒေ သ များ ၏ ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါသည်။

(ဂ) ဒေသတွင်းသတ္တုဖြစ်ထွန်းမှုအချက်အလက်များ စမ်းသပ်ရှာဖွေမှုရလဒ်များကို သိရှိနိုင်ခြင်း။
စမ်းသပ်ရှိဖွေရေးရင်းနှီးမြှုပ်နှံမှုဖြင့် ဒေသတွင်း ပိုမိုပြည်စုံသော ဘူမိဗေဒဆိုင်ရာ သယံဇာတအရင်းအမြစ်ဖြစ်ထွန်းမှု အချက်အလက်များကို ရရှိဖြည့်ဆည်းပေးနိုင်၍ ကိန်းအောင်းနေသော စီးပွားရေး အကျိုးဖြစ်ထွန်းမှုများကို ဖန်တီး ပေးနိုင် မည် ဖြစ်ပါသည်။

(ဃ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုတွန်းအားပေးဖော်ဆောင်နိုင်ခြင်း။
ရင်းနှီးမြှုပ်နှံမှုငွေပမာဏ အများစု ရင်းနှီးမြှုပ်နှံထား၍ ဒေသတွင်းမှ စမ်းသပ်တိုင်းတာရေးစက်ပစ္စည်း ကိရိယာများ၊ သွားလာရေးအတွက်လိုအပ်သောယာဉ်၊ယန္တယားများ ငှားရမ်းသုံးစွဲခြင်းဖြင့် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်း အား ပေးနိုင်မည်ဖြစ်ပါသည်။

စမ်းသပ်ရှာဖွေရေးလုပ်ငန်းဆောင်ရွက်စဉ်ကာလတွင်

(၁) ပတ်ဝန်းကျင် ထိခိုက် ညစ်ညမ်းမှုများ မရှိနိုင်ပါ။ အဓိကအားဖြင့် ဘူမိဗေဒမြေပုံရေးဆွဲခြင်း၊ ဘူမိဗေဒ ဆိုင်ရာ နမူနာ ကောက်ယူစမ်းသပ်ခြင်း စသည်တို့ကိုသာ လုပ်ဆောင်မည်ဖြစ်ပါသည်။ နေရာအနည်းငယ်ကိုသာ လိုအပ်ပါက လွန်တူး ဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှု ဖြစ်နိုင်ခြေ လုံးဝ မရှိနိုင်ပါ။

(၂) မြန်မာယန်စီကော့ပါးလီမိတက်အနေဖြင့် EMP ရေးဆွဲမှုအတွက် Third Party အဖွဲ့အစည်းကို ဖိတ်ခေါ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၃) စမ်းသပ်ရှာဖွေရာတွင် သမိုင်းဝင် အထိမ်းအမှတ်များ (သို့မဟုတ်) ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ် နေရာများနှင့် မြစ်၊ ချောင်း၊ စသည့် သဘာဝ ထိန်းသိမ်းကာကွယ်ရေး ဧရိယာဇုန်များ အကယ်၍ တွေ့ရှိခဲ့ပါက အဆို ပါနေ ရာ များကို ချန်လှပ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

မြန်မာယန်စီကော့ပါးလီမိတက်

feed-image
Share to Facebook Share to Twitter Share to Linkedin Share to Delicious 

သတင်းမေးလ်များရယူရန်

Subscribe

လစဉ်ထုတ်သတင်းစာစောင်များ ရယူရန် သင်၏ မေးလ်လိပ်စာကို ဤနေရာတွင် ရေးထားခဲ့ပါ။

ရန်ကုန်ဆိပ်ကမ်းရုံး

၇၀ (i) ဗိုလ်ချိန်လမ်း

ပြည်လမ်း လှိုင်မြို့ နယ်

ရန်ကုန်မြို့ ၊ မြန်မာ။

ဖုန်း: (၉၅၁) ၅၁၄ ၁၉၄ -၇

ဖက်စ်: (၉၅၁) ၅၁၄ ၂၀၈

MYTCL-Logo-Footter

မုံရွာဌာနချုပ်

ဆားလင်းကြီး မြို့ နယ်

စစ်ကိုင်းတိုင်း

 မြန်မာ။

ဖုန်: (၉၅၇၁) ၂၂၂ ၂၆

ဖက်စ်: (၉၅၇၁) ၂၂၅ ၂၂