အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီး သစ်တောနှင့် သတ္တုတွင်းရေးရာ ဝန်ကြီး ဦးသန်းထိုက်၊မြန်မာဝမ်ပေါင်ကြေးနီသတ္တုတူးဖော်ရေးမှ ဒုတိယအထွေထွေမန်နေဂျာ မစ္စတာလော်သာ့ချင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်မှ လက်ပံတောင်းကြေးနီသတ္တု စီမံကိန်း တာဝန်ခံ ဦးလှစိန် တို့ တက်ရောက်မိန့် ခွန်းပြောကြားသည်။.
မန်မာဝမ်ပေါင်ကြေးနီသတ္တုတူးဖော်ရေး၏ အဆင့်(နှစ်)အငယ်တန်းအော်ပရေတာ လက်တွေ့ကွင်းဆင်း လေ့ကျင့်ခြင်း အစီအစဉ်သည် စီမံကိန်းကြောင့် သက်ရောက်သော အနီးပတ်ဝန်းကျင် (၃၃)ရွာ မှ စာတွေ့ ဖြေဆိုခြင်းနှင့် လူတွေ့စစ်ဆေးခြင်း အောင်မြင်ပြီးသည့် တက္ကသိုလ်ကျောင်းသား /ကျောင်းသူ စုစုပေါင်း(၂၃၆)ယောက်ကို အလုပ်ပြန်လည်ခန့်ထားခြင်းဖြစ်သည်။
အဆိုပါ အစီအစဉ်တွင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ နှင့် သတ္တုရိုင်းများသယ်ပို့ခြင်း၊ သတ္တုရေကန်၊ ရေပန့်များထိန်းသိမ်းခြင်း ၊သတ္တုပျော်ရည်မှ သတ္တုထုတ်ယူခြင်း ၊လျှပ်စစ်ဓာတ်ပေး၍ကပ်ညှိခြင်းအားဖြင့် ထုတ်ယူခြင်း၊သတ္တုအပုံထဲမှ အက်စစ်ဖြန်းခြင်းဖြင့် ထုတ်ယူခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများ အစရှိသည့် အလုပ်ရာထူးအသီးသီးအတွက် လေ့ကျင့်သင်ကြားပေးခြင်းများ ပါဝင်ပါသည်။ထို့ပြင် အဆိုပါ အစီအစဉ်သည် တက္ကသိုလ်ကျောင်းသူ (အမျိုးသမီး) များအတွက် ရုံးပိုင်းဆိုင်ရာ လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရေးကိုပါ ပံ့ပိုးပေးသကဲ့သို့ ဒေသခံကျောင်းသူများ အတွက်လည်း အလုပ်အကိုင်အခွင့်အရေးကို ဖန်တီးပေးရာ ရောက်ပါသည်။ လေ့ကျင့်ရေး အစီအစဉ်သည် အောက်တိုဘာလ (၂၉)ရက်နေ့တွင် တရားဝင် စတင်မည်ဖြစ်ပြီး အဆိုပါ သင်တန်းသားများကို (၂ဝ၁၄)ခုနှစ် မတ်လကုန်၌ သက်ဆိုင်ရာ ရာထူး အသီးသီးတွင် ခန့်အပ်ထားရန် ရည်မှန်းထားပါသည်။
Tလုပ်ငန်းခွင်လက်တွေ့ ကွင်းဆင်းလေ့ကျင့်ခြင်း အစီအစဉ်သည် မြန်မာဝမ်ပေါင်ကြေးနီ သတ္တုတူးဖော်ရေး အတွက် နည်းပညာဖြင့် အမှုထမ်း လုပ်သားများပေါ်ထွန်းလာစေရန် ပျိုးထောင်ပေးခြင်းဖြစ်သကဲ့သို့ ပြည်တွင်းရှိ သတ္တုတွင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ ဖြိုးတိုးတက်ရေး၊သက်ဆိုင်ရာ ကဏ္ဍအသီးသီးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် အဆင့်မြင့်သတ္တုတူးဖော်ရေး နည်းပညာများ ကို ဖြန့်ဝေပေးနိုင်ရေး အတွက် ရည်သန်ပါသည်။