သာယာလှပသောဒုန်းတောကျေးရွာမှ ပဋ္ဌာန်းအလှ

dondawpahtan5

ဒုန်းတောကျေးရွာသည် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် မြောက်ဖျား မြောက်ယမားချောင်းတံတားနှင့် ၂ ဖာလုံအကွာ နှင့် ပုသိမ်မုံရွာလမ်းဘေးတွင် တည်ရှိပါသည်။

ကျေးရွာ၏ ဘာသာရေးပွဲတော်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိသော မဟာပဋ္ဌာန်းပွဲကြီးကို ၁၃၇၇ခုနှစ် တပို့တွဲလဆန်း (၈)ရက်နေ့မှစ၍ နေ့ည အသံမစဲမဟာပဋ္ဌာန်းပွဲကို တပို့တွဲလဆန်း(၁၂)ရက်နေ့ထိ ကျင်းပပါသည်။ မဟာပဋ္ဌာန်းပွဲကြီးဖြစ်မြောက်ရေးအတွက် နည်းလမ်းကောင်းများကို ညွှန်ကြားပေးတော်မူသော ဝိဇောတာရုံဆရာတော်ကြီးနှင့် ကျေးရွာတွင်းမှ ရှိသာ ပဋ္ဌာန နာယကဆရာတော်ကြီးများနှင့် အကြီးအကဲ ဂေါပကလူကြီးမင်းများ၊အကျိုးဆောင်လူကြီးများမှကြီးမှူး၍ ဆွမ်းကုသိုလ်ရှင်များ၊ ဆေးနှင့်ဆေးပစ္စည်း ကုသိုလ်ရှင်များ၊လ္ဘက်ရည်ကုသိုလ်ရှင်များအာရုဏ်ဆွမ်းကုသိုလ်ရှင်များ၊အဖျော်ယမကာကုသိုလ်ရှင်များ နေ့ည (၅) ရက်တိုင်တိုင် ဝေယျာဝစ္စပြုလုပ်ပေးကြပါသော လုပ်အားဒါနကုသိုလ်ရှင် အမျိုးသား အမျိုးသမီး များ၊ ရွတ်ဖတ်သရဇ္ဈာယ်မူကြသော သံဃာတော်အရှင်မြတ်များနှင့် အထူးပင်အားထုတ်ခဲ့ကြပါသည်။
ပဋ္ဌာန်းပွဲကြီးပြုလုပ်ခြင်းများကြောင့် ပဋ္ဌာန်းရွတ်ဖတ်သရဇ္ဈာယ်ကြသော သံဃာတော်အရှင်သူမြတ်များကို တပေါင်းတစည်းတည်းကြည်ညိုပူဇော်ရခြင်း၊နဉ္စဒဿနမင်္ဂလာ-သံဃာတော်အရှင်သူမြတ်များအား နည်းများမဆို ပေးလှူရခြင်းသည် ဒါနမင်္ဂလာ၊ သံဃာတော်အရှင်သူမြတ်များ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို အာရုံပြုပူဇော်ခွင့်ရခြင်း ပူဇာစ ပူဇနေယျမင်္ဂလာ ပဋ္ဌာန်းဆိုင်ရာသြဝါဒများကို ခံယူရခြင်း ဋ္ဌာနဘာကေက သံဃာတော်အရှင်မြတ်ရွတ်ဖတ်သော ပဋ္ဌာန်းတော်ကြီးကို ကြားနာရခြင်းဟူသော ကာလေနဓမ္မဿဝနမင်္ဂလာ ထိုမင်္ဂလာလေးပါးကို ရရှိခံစားရခြင်းကြောင့် အလွန်တရာနှစ်ထောင်းအားရ ဂုဏ်ယူမဆုံးဖြစ်ကြရပါသည်။ ဒုန်းတောကျေးရွာသူကျေးရွာသားများမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်သူများ နေထိုင် ကြသော ကျေးရွာဖြစ်သည့်အတွက် -
၁။ ဗုဒ္ဓသာသနာတော်ကြီး မပျက်စီးစေရန်
၂။ ဗုဒ္ဓသာသနာတော်ကြီး အရှည်တည်တန့်ခိုင်မြဲစေရန်
၃။ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တန့်ခိုင်မြဲစေရန်
သာသနာဥယျာဉ်တော်ကြီးစည်ပင်ပြန့်ပွားရန်ရည်ညွှန်း၍ သာသနာအကျိုး၊ နိုင်ငံအကျိုးသည်ပိုးရွက်ဆောင် ကြပါသော ဒုန်းတောကျေးရွာ၏ ၂၁ကြိမ်မြောက် မဟာပဋ္ဌာန်းပွဲအကြောင်း ကြည်ညိုသဒ္ဓါပွားများနိုင်စေရန် ရေးသားဂုဏ်ပြုလိုက်ပါသည်။
 
 

dondawpahtan3

dondawpahtan2
dondawpahtan1
dondawpahtan6

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.