မြန်မာယန်စီကုမ္ပဏီမှလုပ်ကိုင်လျှက်ရှိသော မုံရွာစံပယ်တောင်၊ ကြေးစင်တောင် သတ္တုတွင်းစီမံကိန်းသည် အရှေ့တောင် အာရှအတွင်းတွင် တက္ကသိုလ်များနှင့် အဖွဲ့အစည်းများအတွက် သင်တန်းမြေပြင်အဖြစ် မကြာခဏ လာရောက် ကွင်းဆင်း လေ့လာရန်သင့်တော်သောစီမံကိန်းဖြစ်သည်။
တပ်မတော်နည်းပညာတက္ကသိုလ် (DSTA)၊ အမှတ်စဉ် (၂၂)ဗိုလ်လောင်းသင်တန်း(တတိယနှစ်)မှ ဗိုလ်လောင်း(၁၄)ဦးနှင့် အုပ်ချုပ်သူ(၃)ဦးသည် ၊ ဥက္ကဌ ( မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်) ၏ခွင့်ပြုချက်ဖြင့်စံပယ်တောင်၊ကြေးစင်တောင် ကြေးနီစီမံကိန်းသို့ (၁၈.၆.၂၀၁၇) မှ (၁၅.၇.၂၀၁၇) ရက်နေ့ထိ ကွင်းဆင်းလေ့လာခြင်းပြုလုပ်ခဲ့ပါသည်။ ဗိုလ်လောင်းများ ကွင်းဆင်းလေ့လာရေးလာရောက်စဉ် နေထိုင်ရေးအတွက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ စီစဉ်ဆောင်ရွက် ပေးပြီး၊ ကွင်းဆင်းလေ့လာရေးတွင် လက်တွေ့လေ့လာသင်ယူမှုများအတွက် မြန်မာယန်စီကုမ္ပဏီမှ စီစဉ်ဆောင်ရွက်ပေးသည်။
စီမံကိန်းသို့ လာရောက်လေ့လာသော အထူးဧည့်သည်တော်များကို နွေးထွေးစွာကြိုဆိုပြီး၊ ၎င်းတို့၏လုပ်ငန်း အတွေ့အကြုံများနှင့် အသိပညာ အတတ်ပညာများကို မျှဝေပေးသည့်အတွက် မြန်မာယန်စီကုမ္ပဏီမှဝန်ထမ်းများကို အထူးကျေးဇူးတင်ပါသည်။