လုပ်ငန်းခွင် ဘေး အန္တရယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စီမံခန့်ခွဲမှူ စနစ် ကို သိရှိပြီး ဗဟုသုတရစေရန် မြန်မာယန်စီ အဖွဲ့အစည်းအတွင်းရှိ ဌာနအားလုံးမှ ဝန်ထမ်းများအားလုံးကို လုပ်ငန်းခွင် ဘေး အန္တရယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စီမံခန့်ခွဲမှူ သင်တန်း (OHS) ကို မြန်မာယန်စီမှ သင်တန်းပို့ချခဲ့သည်။Lead auditor and Principle Consultant of Green EHSS Consultancy Co.,Ltd မှ ဒေါ် Catherine စိုးစိုးအောင် သင်ကြားသည့် Level- 1, Level -2, Level -3, and the Train the Trainer Course စသည့် အမျိုးအစားများဖြင့် မြန်မာယန်စီ ဝန်ထမ်းများ သည် လုပ်ငန်းခွင် ဘေး အန္တရယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စီမံခန့်ခွဲမှူနှင့် ပတ်သက်သည်တို့ ကို လေ့လာခဲ့ပါသည်။ နောက်တစ်ဆင့်အနေဖြင့် မြန်မာယန်စီအဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများအားလုံးကို သင်တန်းပေးရန် မြန်မာယန်စီ trainers အသစ် များမှ စတင်သင်တန်းပို့ချရန်ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွင် မြန်မာယန်စီ၏ HSE ဒါရိုက်တာ မစ်စတာဝေါလစ် နှင်အတူ တရုတ် trainer တို့ ညှိနှိုင်းကာ ISO systems စနစ် စီမန်ခန့်ခွဲ မှုကို ၂၀၁၉ ခုနှစ်အတွင်း သယ်ဆောင်လာမည်ဖြစ်သည်။
လုပ်ငန်းခွင် ဘေး အန္တရယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စီမံခန့်ခွဲမှူ သင်တန်း
လုပ်ငန်းခွင် ဘေး အန္တရယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စီမံခန့်ခွဲမှူ စနစ် ဆိုသည်မှာ ခွဲခြားသတ်မှတ်ရန်၊ အကဲဖြတ်ရန်၊ ကျရောက်လာမည့်ဘေး အန္တရာယ်များကို ထိန်းချုပ်ရန် နှင့် အရေးပေါ်တုန့်ပြန်ရန် စသည်ဖြင့် စနစ်ကျသည့် အစီစဉ်ဖြစ်သည်။ ယခင်ဗြိတိလျှတို့၏ စနစ်ဖြစ်သည့် OHSAS 18001 သည် မြန်မာယန်စီမှလက်တွေ့အသုံးပြုလျှက်ရှိသော်လည်း လုပ်ငန်းခွင် ဘေး အန္တရယ် ကင်းရှင်းရေး နှင့် ကျန်းမာရေး စီမံခန့်ခွဲမှုစနစ် ISO 45001 အသစ်သို့ ၂၀၁၉ မေလတွင် မြန်မာယန်စီမှ ပြောင်းလဲ မည်ဖြစ်သည်။