၂၀၁၉ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တွင် မြန်မာယန်စီ PR & CSD ဌာနမှ ကိုယ်စားလှယ်များ နှင့် QHSE ဌာနရှိ ဝန်ထမ်းများမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန် နှင့် စီမံဆောင်ရွက်ရန်အတွက် ကျန်းမာ ရေးဆိုင်ရာ ဗဟုသုတ၊ လေထုညစ်ညမ်းမှုများ၊ ကျေးရွာပတ်ဝန်းကျင်နှင့်ပတ်သက်သောအရာများ အစရှိသည့် ခေါင်းစဉ်များဖြင့် ကံကုန်းကျေးရွာရှိ ကလေးများအတွက် အသိပညာပေးဟောပြောပွဲ ကို ကျင်ပပေးခဲ့သည်။ မြန်မာယန်စီကုမ္ပဏီသည် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်များကို ရေရှည်တည်တံစေရန်အတွက် နိုင်ငံတစ်ကာ စံချိန်စံညွှန်း နှင့်အညီ ပြုပြင်ထိန်းသိမ်း ရန် ကြိုးစားလုပ်ကိုင် ဆောင်ရွက်နေကြောင်း အဖွဲ့များမှ ရှင်းလင်း ဟောပြောခဲ့သည်။ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းနု၊ ဆရာ/ဆရာမ (၄၂) ဦးနှင့် ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း ( ၇၄၀) ဦး ဟောပြောပွဲသို့ တက်ရောက်ခဲ့ကြသည်။မြန်မာယန်စီ စီမံခန့်ခွဲမှု့ ဌာန ကိုယ်စား PR & CSD ဌာနရှိ တာဝန်ရှိ ဝန်ထမ်းများမှ ကျောင်းသားများအတွက် စာရေးကိရိယာ များလှူဒါန်ခဲ့သည်။