Myanmar Yang Tse Copper Mine | MYTCL | ထနောင်းကုန်းကျေးရွာ CSR လှူဒါန်းခြင်း

ထနောင်းကုန်းကျေးရွာ CSR လှူဒါန်းခြင်း

လူမှု့ရေးဆိုင်ရာ အလှူအတန်းများ

htanaunggone csr 1မြန်မာယန်စီ CSD အဖွဲ့သည် ကျေးရွာ ကိုယ်စားလှယ်များ နှင့် တိုက်ရိုက်ချိတ်ဆက်လျှက် ဒေသခံကျေးရွာများ၏တောင်း ဆိုမှုများ ဥပမာ- အဆောက်အအုံနှင့် ဆက်စပ်သည့်အရာများ ၊ လမ်း၊ ကျောင်းခြံစည်းရိုး ၊ ဘာသာရေးအဆောက်အဦးများ ပြင်ဆင်ခြင်းနှင့် မွမ်းမံခြင်းများ ၊ စာသင်ကျောင်းနှင့် စာကြည့်တိုက်တည်ဆောက်မှု နှင့် အခြား ကူညီထောက်ပံ့မှုများ ကို ဆောင်ရွက်ပေးလျှက်ရှိပါသည်။ မြန်မာယန်စီ CSR/ CSD ရန်ပုံငွေမှ ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။

ထနောင်းကုန်းကျေးရွာသည် ကြေစင်တောင် နှင့် စံပယ်တောင် စီမံကိန်း ၏ အရှေ့ဘက် တွင်တည်ရှိပြီး စီမံကိန်းကြောင့် ထိခိုက်ဆုံးရှုံးမှုများ မရှိသော်လည်း မြန်မာယန်စီ CSR ဘက်ဂျက်မှ နှစ်စဉ် လှူဒါန်းပေးလျှက်ရှိသည်။ ၂၀၁၇-၂၀၁၈ CSR ဘက်ဂျက်တွင် ထနောင်းကုန်းကျေးရွာ သည် ကျေးရွာရှိ ဘုံပစ္စည်းများ ထားရှိရန်အတွက် အဆောက်အဦး လှူဒါန်းပေးပါရန် မြန်မာယန်စီသို့ တောင်းဆိုခဲ့ပါသည်။ မြန်မာယန်စီသည် တင်ဒါခေါ်ယူ၍ Naing Lin Group အား ထိုလုပ်ငန်းအား လုပ်ဆောင် စေခဲ့ရာ စုစုပေါင်းကုန်ကျငွေမှာ မြန်မာငွေ ၇၀၀၀၀၀၀ ကျပ် ဖြစ်သည်။ ထိုအဆောက်အဦးကို ၂၀၁၈ ဒီဇင်ဘာလ ၈ရက်နေ့ တွင် ပြီးစီးခဲ့သည်။

htanaunggone csr 2

feed-image
Share to Facebook Share to Twitter Share to Linkedin Share to Delicious 

သတင်းမေးလ်များရယူရန်

Subscribe

လစဉ်ထုတ်သတင်းစာစောင်များ ရယူရန် သင်၏ မေးလ်လိပ်စာကို ဤနေရာတွင် ရေးထားခဲ့ပါ။

ရန်ကုန်ဆိပ်ကမ်းရုံး

၇၀ (i) ဗိုလ်ချိန်လမ်း

ပြည်လမ်း လှိုင်မြို့ နယ်

ရန်ကုန်မြို့ ၊ မြန်မာ။

ဖုန်း: (၉၅၁) ၅၁၄ ၁၉၄ -၇

ဖက်စ်: (၉၅၁) ၅၁၄ ၂၀၈

MYTCL-Logo-Footter

မုံရွာဌာနချုပ်

ဆားလင်းကြီး မြို့ နယ်

စစ်ကိုင်းတိုင်း

 မြန်မာ။

ဖုန်: (၉၅၇၁) ၂၂၂ ၂၆

ဖက်စ်: (၉၅၇၁) ၂၂၅ ၂၂