တယ်ပင်ကန်ရေ ရရှိရေးအတွက် ကူညီထောက်ပံ့ပေးခြင်း

telbinkan village battery1

တယ်ပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းစိန်သည် မြန်မာယန်စီအား ကျေးရွာရှိဆည်မှ ရေတင်ရာတွင် အသုံးပြုနေသော နေရောင်ခြည်စွမ်းအင်သုံးစနစ်အတွက် လိုအပ်သော (၂ဝဝ)AH ဘက်ထရီ ၆ လုံး ထောက်ပံ့ပေးရန် အကူအညီတောင်းခဲ့ပါသည်။

မြန်မာယန်စီသည် ထိုပစ္စည်းများကိုဝယ်ယူပြီး ဖေဖော်ဝါရီ ၂၃၊ ၂ဝ၁၆တွင် လှုဒါန်းခဲ့ပါသည်။ မြန်မာယန်စီမှ ကိုယ်စားလှယ် မစ္စတာ ဂေါင်ကျန်း၊ လူမှုဖွံ့ဖြိုးရေးဌာန ဒေသမန်နေဂျာ ဦးနိုင်ဝင်းနှင့် သတင်းပြန်ကြားရေး ဦးဝင်းကျော်သူ တို့ သည် ထိုဘက်ထရီများကို ပို့ဆောင်ပေးခဲ့ပြီး တယ်ပင်ကန်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ လက်ခံရယူ ခဲ့ပါသည်။ မြန်မာယန်စီသည် တယ်ပင်ကန်ကျေးရွာ မူလတန်းကျောင်းအားကစားကွင်းအား မြေထည့်ပြုပြင်ညှိပေးခြင်း လုပ်ငန်း ကိုလည်း ပြီးစီးခဲ့ပြီဖြစ်ပါသည်။
 

telbinkan village battery3

telbinkan village battery2

 

 

 

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.