သက်ကြီးဘိုးဘွား များနှင့်ကျောင်းသားများ လှူဒါန်းခြင်း

ageandscholar1
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဘိုး/ဘွားများအား ပူဇော်ကန်တော့ပွဲနှင့် တက္ကသိုလ်/တက္ကသိုလ်ဝင် ကျောင်းသား/သူ များအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနား ကို မြန်မာဝမ်ပေါင်ကုမ္ပဏီ နှင့် မြန်မာယန်စီကုမ္ပဏီ တို့မှ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၈) ရက်နေ့တွင် ခမ်းနားစွာ ကျင်းပခဲ့ပါသည်။
 
ဆားလင်းကြီးမြို့နယ် ကျော်ရွာကျေးရွာ၊ လက်ပံတောင်းတောင်၊ တောင်ကြားစေတီတွင် မြန်မာယန်စီ ကုမ္ပဏီမှ ပတ်ဝန်းကျင်ကျေးရွာ (၁၈)ရွာနှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီ မှ ပတ်ဝန်းကျင်ကျေးရွာ (၃၃) ရွာ တို့အတွက် အတူတစ်ကွ ပူးပေါင်းပြီး ကျင်းပပေးခဲ့သည်။ ဤအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ ယန်စီကုမ္ပဏီ နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့မှ တာဝန်ရှိဝန်ထမ်းများ၊ ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ CSD ကိုယ်စားလှယ်များ၊ သက်ကြီးဘိုး/ဘွားများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဗိုလ်မှူးကြီး သန်းထွန်းအောင်မှ အမှာစကားပြောကြားပါသည်။ အခမ်းအနားတွင် ဗိုလ်မှူးကြီး သန်းထွန်းအောင် မှ ဤကဲ့သို့ ဝမ်းမြောက်ဖွယ်ကောင်းသော အခမ်းအနား များပြုလုပ်သည့်အတွက်ကြောင့် ကျေးရွာအဖွဲ့အစည်းများ၊သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ချစ်ခင်ရင်းနှီးစွာ အလုပ်လုပ်ခဲ့သည့် မြန်မာယန်စီနှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့အား အထူးပင်ကျေးဇူး တင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာဝမ်ပေါင် မှ ဒု-အထွေထွေမန်နေဂျာ မစ်စတာ လောဇုန် မှ ဤကဲ့သို့ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောပြခဲ့ပါသည်။
 
ageandscholar2
ageandscholar3
ageandscholar4

Strategy Report 2018-2019

MYTCL Logo Footter

Please publish modules in offcanvas position.